STATEMENTS

မွတ်ဆလင် ၄ ဦးအား ထောင်တစ်ကျွန်း ပြစ်ဒဏ်ချခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်း

နေ့စွဲ၊ ၂၀၁၆ ခု ဒီဇင်ဘာ ၂၃ ရက် မွတ်ဆလင် ၄ ဦးအား ထောင်တစ်ကျွန်း ပြစ်ဒဏ်ချခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်း မြန်မာ မွတ်ဆလင်များ ဖြစ်သည့် ကိုဇော်မင်းထွေး၊ ကိုမြင့်သိန်း၊ A ရာမန်၊ ကိုခင်မောင်ရွှေ တို့ အား KIA နှင့် ဆက်သွယ်သည်ဟူသော အကြောင်းပြချက်ဖြင့် မန္တလေး ခရိုင် တရားရုံးမှ အတင်းအဓမ္မနှိပ်စက် လက်မှတ်ထိုးခိုင်းသည့် ခံဝန်ချက်ကိုသာ လုပ်ထုံးနှင့်ဆန့်ကျင်၍အတည်ပြုပြီး ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခြင်းတွင်- ပြစ်ဒဏ် ချမှတ်ခံရသူများသည် တရားခံများ၏ အခွင့်အရေးကို လုံးဝ မခံစားရဘဲ တရားဥပဒေ အရ ခုခံချေပပိုင်ခွင့်လည်း မရှိပါလျက် စစ်ကြောရေး စခန်းတွင် အတင်း အဓမ္မ နှိပ်စက် လက်မှတ်ထိုး ခိုင်းသည့် […]