Myanmar NEWS

ARSA အဖွဲ့ဝင် ဟုတ်မဟုတ် စစ်ဆေးဆုံးဖြတ်ခဲ့ခြင်း မရှိ

ရ ခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ တရားရုံးမှာ စစ်ဆေးခဲ့တဲ့ တရားခံတွေကို ARSA အကြမ်းဖက်အဖွဲ့ဝင် ဟုတ်မဟုတ် စစ်ဆေးဆုံးဖြတ်ခဲ့ခြင်း မရှိဘူးလို့ ရခိုင်ပြည်နယ် တရားလွှတ်တော် ပြည်နယ်တရားရေးဦးစီးမှူးက ဒီနေ့ပြောလိုက်ပါတယ်။   အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အာဆာ အကြမ်းဖက်အဖွဲ့ဝင်တွေလို့ စွပ်စွဲခံရပြီး ဖမ်းဆီးအပြစ်ပေးခံရသူတွေဟာ သူတို့ကိုယ်တိုင် အာဆာအဖွဲ့ဝင်ဖြစ်တယ်လို့ တရားရုံးမှာ ၀န်ခံထွက်ဆိုမှု ရှိမရှိ စစ်ဆေးပေါ်ပေါက်ချက် ရှိမရှိ ဆိုတဲ့ RFA နဲ့ DVB ရဲ့ စာပေးပို့မေးမြန်းချက်ကို ပြည်နယ် တရားရေးဦးစီးမှူး ဦးတင်မောင်လတ်က ARSA အကြမ်းဖက်အဖွဲ့ဝင် ဟုတ်မဟုတ်ကို တရားရုံးက စစ်ဆေးဆုံးဖြတ်တာမရှိဘူးလို့ ဖြေကြားတာဖြစ်ပါတယ်။   ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ […]

Myanmar NEWS

ရိုဟင်ဂျာဒုက္ခသည်အရေး ASEAN ကူညီဖို့ ကုလအတွင်းရေးမှူး တိုက်တွန်း

ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အကူအညီပေးဖို့ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခ အကျပ်အတည်းနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းဖို့ အာဆီယံအသင်းရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ တချိန်တည်းမှာပဲ ဒုက္ခသည်တွေ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ပေါ်ပေါက်လာအောင် ဖန်တီးရာမှာ ကူညီကြဖို့လည်း အတွင်းရေးမှူးချုပ် António Guterres က အင်ဒိုနီးရှားနိုင်ငံက အာဆီယံ ညီလာခံ မိန့်ခွန်းမှာ ဒီနေ့ပဲ ပြောကြားသွားခဲ့တာပါ။ တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးနဲ့အတွက် ရင်းနှီးမြှုပ်နှံ သုံးစွဲမှုတွေ အကြီးအကျယ် လိုအပ်သလို၊ ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေး ကိစ္စတွေဟာ အရေးကြီးတဲ့အကြောင်းလည်း […]

Myanmar NEWS

ရိုဟင်ဂျာအရေး အိန္ဒိယ အကူညီပေးဖို့ Guterres ပန်ကြား

ရိုဟင်ဂျာ အကြပ်အတည်းဖြေရှင်းရေး အိန္ဒိယအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ၀ိုင်းဝန်းကူညီပံ့ပိုးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သူရဲ့ အိန္ဒိယ ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။ ဒေသတွင်း ခွဲခြားဆက်ဆံခံနေရတဲ့ လူမှုအသိုင်းအ၀ိုင်းရှိနေခြင်းအားဖြင့် အကြမ်းဖက်သမားတွေကို ဖိတ်ခေါ်ရာရောက်နေတယ်လို့လည်း အင်္ဂါနေ့က နယူးဒေလီမှာပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေအကြောင်း ဟောပြောပွဲမှာ Antonio Guterres က သတိပေး ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။ အင်္ဂါနေ့က နယူးဒေလီမြို့တော် the India Habitat Center မှာ Global Challenges, Global Solutions ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုနဲ့ ဖြေရှင်းမှုခေါင်းစဉ်နဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အိန္ဒိယ လူငယ်ထုနဲ့ တွေ့ဆုံဟောပြောပွဲမှာ ရိုဟင်ဂျာဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ အိန္ဒိယကို […]

Myanmar NEWS

လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်မှုကို ဒေါ်အောင်ဆန်းစုကြည် ဖုံးကွယ်တယ်လို့ သြစတြေးလျ စုံစမ်းစစ်ဆေးသူ စွပ်စွဲ

ရခိုင်ပြည်နယ် ပဋိပက္ခမှာ လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်မှုကို မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဖုံးကွယ်နေတယ်လို့ သြစတြေးလျ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူက စွပ်စွဲလိုက်ပါတယ်။ ရခိုင်ပြည်နယ်အရေးမှာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုတဲ့ စာမျက်နှာ ၄၀၀ ပါ အစီရင်ခံစာကို ပါဝင်ရေးသားသူ တစ်ဦးဖြစ်တဲ့ သြစတြေးလျနိုင်ငံသား မစ္စတာ ခရစ်ဆီဒိုတီက ပဋိပက္ခမှာ ကြားဝင်ဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တာဝန်မကင်းဘူးလို့ ဆန်းဒေးမောနင်း ဟာရယ်လ်နဲ့ အင်တာဗျူးမှာ ဝေဖန်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲ ၈၀ ရာခိုင်နှုန်းနဲ့ နိုင်ထားတာကြောင့် ကိုယ်ကျင့်သိက္ခာအရ ကြီးမားသူဖြစ်နေတဲ့အတွက် တာဝန်ရှိတာ ဖြစ်တယ်လို့ သူက ရည်ညွှန်းပြောဆိုသွားပါတယ်။ ဆီဒိုတီဟာ လူ့အခွင့်အရေး မဟာမင်းကြီးဟောင်းနဲ့ သြစတြေးလျ ဥပဒေ ပြုပြင်ပြောင်းလဲရေး ကော်မရှင်မင်းကြီးဟောင်း ဖြစ်ပါတယ်။ Source […]

Myanmar NEWS

သတင်းထောက် ၂ဦး အမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်မှတ်ချက် Nikki Haley ဝေဖန်

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ကျူးလွန်ခဲ့တယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ပြောဆိုမှုတွေအပေါ် ငြင်းဆိုခဲ့တာအပြင် အဲဒီအဖြစ်အပျက်တွေအကြောင်း သတင်းယူနေတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ် စီရင်လိုက်တဲ့ ကိစ္စဟာလည်း တရားမျှတမှုရှိကြောင်း နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုတွေဟာ ယုံနိုင်စရာ မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်ပါတယ်။ First in denial about the abuse the Burmese military placed on the Rohingya, now justifying the imprisonment of the two Reuters reporters who reported on […]

Myanmar NEWS

ICC မှာ စစ်ဆေးရေးကို ထောက်ခံကြောင်း KNU Concerned Group ထုတ်ပြန်

ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံတယ်လို့ ကရင် အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်မှာပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလိုမျိုး ကရင်ပြည်နယ် အပါအ၀င် တခြားတိုင်းရင်းသား ဒေသတွေမှာလည်း ဖြစ်ခဲ့ဖူးတာကြောင့် ICC ဆုံးဖြတ်ချက်ကို ထောက်ခံတာလို့ အဖွဲ့ရဲ့ ပြောခွင့်ရသူ နော်စီဖိုးရာစိန် က RFA ကို ပြောပါတယ်။ “ရခိုင်ပြည်နယ်မှာ တပ်မတော်က ကျူးလွန်နေတဲ့ crimes against humanity ပေါ့လေ၊ ကျမတို့ ဒါကို ထောက်ခံတာကတော့ ဒီလိုပုံစံနဲ့ ဟိုးအရင်ကလည်း ကရင်ပြည်နယ်နဲ့ […]

Myanmar NEWS

ဒေါ်အောင်ဆန်းစုကြည် ကို သတင်းထောက် မိသားစု မေတ္တာရပ်ခံ

နိင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရတဲ့ ရိုက်တား သတင်းထောက် နှစ်ယောက်ဟာ အပြစ်မရှိဘူးလို့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ ဇနီးနှစ်ဦးက မနေ့က ပြောကြားပြီး သူတို့နှစ်ဦး မိသားစုနဲ့ ပြန်ဆုံဆည်းနိုင်အောင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။ ဒီ သတင်းထောက်နှစ်ယောက်ဟာ ရခိုင်ပြည်နယ်က သတင်းတင်ပြတဲ့အတွက် မဟုတ်ဘဲ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တဲ့အတွက် ဖမ်းဆီးခံရတာလို့ ဂျပန် NHK ရုပ်မြင်သံကြားနဲ့ ဇွန်လကလုပ်တဲ့ မေးမြန်းခန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။ ဒါကို ကိုဝလုံးရဲ့ ဇနီး မပန်းအိမွန်က ကျမတို့ ဘဝတလျှောက်လုံး အမှန်တကယ်မြတ်နိုးခဲ့တဲ့ ပုဂ္ဂိုလ်က ကျမတို့ကို ခုလို နားလည်မှုလွဲတာ အမှန်တကယ် ဝမ်းနည်းရတယ်လို့ မနေ့က ပြောပါတယ်။ ရန်ကုန်မြို့ […]

Myanmar NEWS

မြန်မာတပ်ဖွဲ့ ကျုးလွန်မှု မုချ အရေးယူရမယ်လို့ ဗြိတိန်ပြောကြား

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဂျရယ်မီ ဟန့် က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက လူမျိုးတုံးရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတခုကို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ် ဒီလအတွင်း နယူးယောက်မြို့မှာ သူကမကထပြုလုပ်ဖို့ ရည်မှန်းထားပါတယ်လို့ ပြောကြားရင်း လူမျိုးတုံးရှင်းလင်းမှုကို မည်သည့်ပုံစံ မည်သည့် အခြေအနေမျိုးမှာမှ လက်မခံနိုင်ပါဘူး၊ တာဝန်ရှိသူတွေကို တရားဥပဒေအရ ကြိမ်းသေမုချ အရေးယူရမှာ ဖြစ်တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံလိုကြောင်း၊ မြေပြင်က ပကတိအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်ရှုပြီး မြန်မာ […]

Myanmar NEWS

သတင်းထောက် နှစ်ဦးကို ထောင်ဒဏ်ချမှတ်မှု အတိုင်ပင်ခံရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ AFP ဖော်ပြ

ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားစေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။ သတင်းထောက်တွေရဲ့အမှုကို စစ်ဆေးနေစဉ်ကာလ တစ်လျောက်လုံးမှာလည်း အမှုနဲ့ပတ်သက်ပြီး တစ်စုံတရာ မဝေဖန် မပြောဆိုခဲ့ကြောင်းလည်း ဖေါ်ပြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးခင်မင်တဲ့ အမေရိကန် သံတမန်တစ်ဦးဖြစ်သူ Bill Richardson ကတော့ သတင်းထောက်နှစ်ဦးနဲ့ပတ်သက်ပြီး ပြောဆိုကြည့်ဖို့ ကြိုးစားခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်က ခါးခါးသီးသီး တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ပြောဆိုတာတွေမှာ ဒေါသအပြည့်ပါနေပြီး၊ သတင်းထောက်တွေကို သစ္စာဖောက် တွေလို့ ညွှန်းဆိုခဲ့တယ်လို့ Bill Richardson က AFP သတင်းကို ပြောပါတယ်။ […]