CRIMES Myanmar NEWS

မလေးထောက်ပံ့ရေး သင်္ဘောဝင်လာပါက ပစ်သတ်ရမည်ဟု ရခိုင် ကိုယ်စားလှယ် ကြိမ်းဝါး

ရခိုင်ပြည်နယ် အတွင်းသို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်မည့် သင်္ဘောမြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်လာပါက ယင်းသင်္ဘောပါ လူအားလုံးကို သတ်ဖြတ်ပစ်သင့်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကပြောကြားကြောင်း Tomorrow ဂျာနယ်က ဖေါ်ပြလိုက်သည်။ “ကျွန်တော့အမြင်ကို ပြောရမယ်ဆိုရင် အစိုးရအနေနဲ့ လုပ်စရာက ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲ ရေပြင်ကို ဒီလိုဝင်လာမယ်ဆိုရင် ကျွန်တော့အနေနဲ့ဆိုရင် ၀င်လာတဲ့သူ အားလုံးကို ပစ်သတ်လိုက်မှာပါ”ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောကြောင်း အထက်ပါ သတင်းရင်းမြစ်က ဖေါ်ပြသည်။ ပြည်သူ့လွတ်တော်၏ ထုတ်ပြန်ချက်များတွင် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှာ ဒေါ်ခင်စောဝေဖြစ်ကြောင်းဖေါ်ပြထားသော်လည်း Tomorrow ဂျာနယ်ကမှု ဦးဦးသန်းနိုင်ဆိုသူသည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်း ဖေါ်ပြထားသည်။ မလေးရှားနိုင်ငံ အစ္စလမ်ဘာသာဝင် အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီ- Malaysian […]

CRIMES Myanmar NEWS

မွတ်စလင်နဲ့ ခရစ်ယာန်တွေဟာ ခွေးတွေ ကျူးကျော်သူတွေလို့ ဗုဒ္ဓဘာသာ ဘုန်းကြီး မိန့်ကြား

ဒီလ အစောပိုင်းက ဟောကြောခဲ့တဲ့ တရားတစ်ပုဒ်ကို You Tube မှာ တင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီး ကကြားနာသူ ပရိသတ်ကို မြန်မာနိုင်ငံက မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေနဲ့ ပတ်သက်ပြီး “သူတို့ကို အထင်မသေးနဲ့”လို့ သတိပေး စကားပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ ရည်ညွှန်းပြီး နိုင်ငံက တစ်ခြား ဘာသာရေးနှစ်ခု ကိုကြောက်ရွံနေမှုကို ရှင်းပြခဲ့ပါတယ်။ “သူတို့ အဖွဲ့တွေ အင်အားကောင်းလာရင် သူတို့ ငါတို့ကို ဘာလုပ်မလဲ သူတို့ပြ န်တိုက်ခိုက်လိမ့်မယ်” ဘုန်းကြီးက မိန့်ပါတယ်။ “မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေ တိုးပွားလာတာနဲ့ ပတ်သက်ပြီး တစ်ချို့ ဗုဒ္ဓဘာသာဝင်တစ်ချို့ရဲ့ယူဆချက်တွေဟာ အကျိုးအကြောင်း ဆီလျော်မှုမရှိပါဘူး အဲဒါကို ဘုန်းကြီးက ဗီဒီယိုထဲမှာပြောဆိုထားပြီး ယုတ္တိ မရှိတဲ့သူ့ရဲ့ကြောက်ရွံမှုကို ပြသခဲ့တယ်”လို့ တရားတော်ကို အင်္ဂလိပ်လို ဘာသာပြန်ဆိုခဲ့တဲ့ […]