ARTICLES

ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း 1-10

ကောင်းကင်ယံထက်ဝဲပျံရင်း ဂျင်နိုဆိုဒ်ကိုတိုက်ဖျက်သူ အပိုင်း – ၁ ခေါင်းမာသူ ၁၉၇၀ ပြည့်နှစ် ဗီယက်နမ် စစ်မြေပြင်တနေရာ __ ခြေလျင်တပ်ခွဲ တခုကို ဦးဆောင်တဲ့ အမေရိကန်စစ်ဗိုလ် တယောက်ဟာ ဗီယက်ကောင်းတွေလက်ချက်နဲ့ သွေးသံရဲရဲဖြစ်နေပါတယ် ။ သူ့ကိုယ်မှာတော့ ဗီယက်ကောင်းတွေပစ်ထဲ့လိုက်တဲ့ အေကေ – ၄၇ ကျည်ဆံ ၄ ခုက ဖောက်ဝင်နေတာပါ ။ ဒါပေမဲ့ စစ်ဗိုလ်ဟာ နောက်ဆုတ်ဖို့မစဉ်းစားပဲ သူ့တပ်ခွဲနဲ့ ရှေ့တက်ပီး ရန်သူကို ချေမှုန်းဖို့သာ အမိန့်ဆက်ပေးပါတယ် ။ သူ့ရဲ့မိုက်မိုက်ကန်းကန်း အမိန့်နဲ့ တပ်ခွဲဟာရှေ့တိုးပီး ရန်သူကို တန်ပြန်တိုက်စစ်ဆင် ချေမှုန်းပီးချိန်မှ အဲ့ဒီစစ်ဗိုလ်ဟာ စစ်မြေပြင်ရှေ့တန်းဆေးရုံကို တက်သွားပါတယ် ။ ညာဘက် ပုခုံး လက် တင်ပါး နဲ့ ခြေထောက် ၄ […]

ARTICLES

ဘယ်လိုလူ့အဖွဲ့အစည်းမှာ ဂျင်နိုဆိုဒ်ဖြစ်သလဲ ?

အပိုင်း (၁) ရွံရှာစက်ဆုပ် —————— 3rd year တုန်းက အိမ်ပြန်ရောက်တာနဲ့လွယ်အိတ်ချပြီး TV ဖွင့်။ Auswitch : Nazi’s Final Solution to the Jewish Problem ဆိုတာကြည့်။ တစ်ရက်ကို ၁၅ မိနစ်စာလောက်ဖြည်းဖြည်းချင်းကြည့်တယ်။ နာဇီတွေအာဏာရခါစအချိန် ဂျူးတွေကို ဒုတိယတန်းစားနိုင်ငံသားအဖြစ်လျှော့ချတဲ့ နျူရင်ဘတ်ဥပဒေတွေထုတ်ပြန်တာကနေ အော့ခ်ျဝဇ်အကျဉ်း စခန်းကို ဆိုဗီယက်တပ်တွေဝင်သိမ်းပြီး အကျဉ်းသားတွေ လွတ်မြောက်တဲ့အထိ ကြည့်ဖြစ်တယ်။ ဇာတ်ကွက်တွေကတော့ အစုံအလင်ပဲ။ စိတ်ထဲ စွဲစွဲထင်ထင်ဖြစ်နေတဲ့ အခန်းတွေကတော့အများကြီးပေါ့။ ဥပမာ ဂျာမန်တွေက ဆိုဗီယက်ကိုဝင်သိမ်းပြီး အရှေ့ဥရောပတစ်ခုလုံးဟာ နာဇီလက် အောက်ကျရောက်သွားချိန်မှာ အဲဒီဒေသက ဂျူးတွေခံစားရတဲ့ဒုက္ခကိုကြည့်ပြီး အတော်လန့်မိတယ်။ ဂျာမန်တွေက မြို့တစ်မြို့ကို ဝင်သိမ်းလိုက်မယ်။ ပြီးရင်ဂျူးတွေကို ဖမ်းဖို့လုပ်ပြီ။ ကျွန်တော်တုန်လှုပ်မိတာက အဲဒီမြို့ခံတွေကိုယ်တိုင်က နာဇီတွေနဲ့ […]

ARTICLES

Genocide မြောက်,မမြောက် ဘယ်လိုဆုံးဖြတ်

Genocide မြောက်,မမြောက် ဘယ်လိုဆုံးဖြတ် Genocide လို့ပြောလိုက်တာနဲ့ လူအတော်များများကခေါင်းထောင် ကြည့်ကြလေ့ရှိတယ်။ မျက်လုံးပြူးမျက်ဆံပြူးလည်းဖြစ်သွားလေ့ရှိတယ်။ ဒါပေမဲ့ Genocide ဆိုတဲ့ term ကို သုံးစွဲပုံသုံးစွဲနည်းနဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ မတူကြဘူး။ လူအများစု နားလည်တဲ့ Genocide Genocide ဆိုတာ လူမျိုးတုန်းသတ်ဖြတ်တာ၊ လူမျိုးတစ်မျိုးကို ရန်ဘက်လူမျိုးက အများကြီးမျိုးပြုတ်အောင် သတ်ပစ်တာ။ ဒါက သာမန် လူတန်းစားနားလည်ထားတဲ့ Genocide ။ ဥပဒေအရ Genocide ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ ယှဉ်လိုက်ရင် ဒီအမြင်ဟာ သိပ်ကို အပေါ်ယံဆန်ပေမယ့် သာမန်လူတန်းစားရဲ့ အမြင်ဟာလည်း လျစ်လျူရှုလို့တော့မရဘူး။ သာမန်လူတန်းစားဆိုတာ လူအများစုဖြစ်လေ့ရှိပြီး Genocide လို့အသံကြားတာနဲ့ မျက်လုံးပြူးမျက်ဆံပြူးနဲ့ ထကြည့်တာလည်း သူတို့ပဲဖြစ်လေ့ ရှိတာမို့ သာမန်လူတန်းစားတွေရဲ့ အပေါ်ယံနားလည်ထားမှုကိုလည်း လျှော့တော့မတွက်နဲ့ဗျို့။ နိုင်ငံရေးသမားများ Genocide […]

ARTICLES

ဘော့စ်နီယားဂျင်နိုဆိုဒ်(၃)

မသူတော်အတွက် သတင်းကောင်း ဆာဘ်တွေဟာ ဂွင်ရှာနေတာ ကြာပါပြီ။ မထင်မှတ်ဘဲ ဆာဘ်တွေ အတွက် ဂွင်တွေ့သွားစေတာကတော့ ၁၉၉၄ နှစ်လယ်လောက်မှာ ထဖြစ်တဲ့ ရဝမ်ဒါဂျင်နိုဆိုဒ်ပါ။ ၃ လ လောက်အတွင်း လူသိန်းချီ ဖြုတ်ခနဲသတ်ဖြတ်ခံရတဲ့ ရဝမ်ဒါဂျင်နိုဆိုဒ်မှာ အနောက်နိုင်ငံတွေဟာ ရှက်စရာကောင်းလောက်အောင်ကို တာဝန်မဲ့ခဲ့ပါတယ်။ ဘလ်ဂျီယန်ကဆိုရင် UN တပ်အဖြစ်စေလွှတ်ထားတဲ့ သူ့စစ်သားတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဂျင်နိုဆိုဒ်ရာဇဝတ်မှုကြီးကို မျက်နှာလွှဲ ခဲပစ်လုပ်ခဲ့ပါတယ်။ ဒီအဖြစ်တွေကိုကြည့်ပြီး စိတ်အားတက်ကြွနေသူတွေကတော့ ဆာဘ်ခေါင်းဆောင်တွေပါ။ ဘော့စ်နီးယားနဲ့ ပတ်သတ်ရင်လည်း US အပါအဝင် အနောက်နိုင်ငံတွေဟာ အပြတ်အသတ်စစ်တိုက်ဖို့စိတ်မဝင်စားဘဲ ဟိုနားနည်းနည်း ဒီနားနည်းနည်းလောက်ပဲ အကန့်အသတ်နဲ့ ကိုင်တွယ်နေတာမို့ ဆာဘ်တွေဘက်က တစ်ခုခုကို ပြတ်ပြတ်သားသားလုပ်ပစ်ချင်ရင် လုပ်ပစ်လို့ရတယ်လို့ ဆာဘ်တွေ ဘက်က တွက်ဆမိလိုက်ပါတယ်။ ဆာဘ်တွေရဲ့ တွက်ဆမှုဟာ သွေးထွက်အောင် မှန်ပါတယ်။ ဟာ…သွေးထွက်ရုံလောက်ဘယ်ကမလဲ […]

ARTICLES

ဘော့စ်နီယားဂျင်နိုဆိုဒ်(၂)

ရာဇဝတ်ဘေး ပြေးမလွတ်စေရ ၁၉၉၂ ခုနှစ်ဟာ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအဖို့ အင်မတန်မှ ခက်ခဲကြမ်းတမ်းတဲ့နှစ်ပါပဲ။ စစ်ပွဲစတင်တဲ့ ၁၉၉၂ ဧပြီက စပြီး ၇ လအတွင်း ဘော့စ်နီးယန်းမွစ်ဆလင်မ် တစ်သိန်းလောက် အသက်ပျောက်ခဲ့ပါပြီ။ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ကမ္ဘာမြေပြင်ပေါ်ကနေ ပျောက်ကွယ်မသွားရလေအောင် ရုန်းကန်တိုက်ပွဲဝင်ကြရပါတယ်။ ၁၉၉၂ သြဂုတ်လကစပြီး US က စီနီယာဘုရှ် အစိုးရအဖွဲ့ဟာလည်း ရုန်းကန်နေရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲပြိုင်ဘက် ကလင်တန် ဟာ ဘော့စ်နီးယားကိစ္စကို စီနီယာဘုရှ်အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒကျရှုံးပွဲ အဖြစ် ထိုးနှက်မဲဆွယ်နေလို့ပါပဲ။ နာဇီတွေရဲ့ ဟိုလိုကော့စ်နဲ့ယှဉ်ပြီး မီဒီယာတွေက ထုတ်လွှင့်နေတာရယ်၊ ကလင်တန်က မဲဆွယ်ပွဲတွေမှာ ထိုးနှက်နေတာရယ်ပေါင်းလိုက်ရင် ဘုရှ်အစိုးရ အဖွဲ့ရဲ့ အာဏာကုလားထိုင်ဟာ လှုပ်သည်ထက်လှုပ်လာပါတယ်။ ဘုရှ်အစိုးရအဖွဲ့ဟာ ဘော့စ်နီးယားကိစ္စကို မျက်နှာလွှဲခဲပစ်ထားမရ တော့ဘဲ တခုခုတော့ လုပ်ပြရတော့မှာပါ။ ဘုရှ်အစိုးရအဖွဲ့ တင်လိုက်တဲ့ […]

ARTICLES

ဘော့စ်နီယားဂျင်နိုဆိုဒ်(၁)

စိမ်းလန်းသောဖက်ဒရယ်တောင်ကုန်းမှသည် သစ်ချောက်ကုန်းဆီသို့ ၁၉၈၀ လောက်ကသာ ခင်ဗျားဟာ ယူဂိုဆလားဗီးယားကိုရောက်သွားရင် စိုပြည်နေတဲ့ကွင်းပြင်တွေ၊ စိမ်းလန်းနေတဲ့တောင်ကုန်းတွေကနေစီးဆင်းပြီး ကွင်းပြင်ထဲကို ဖြတ်သန်းနေတဲ့ မြစ်ချောင်းတွေ၊ အဲ့ဒီမြစ်ချောင်းတလျှောက်ပေါက် နေတဲ့ ဘယ်ရီချုံပင်တွေနဲ့ သာယာနေတဲ့ ဖက်ဒရယ်နိုင်ငံကိုမြင်ရမှာပါ။ မြို့ပြတွေဟာလည်း တိုက်ကြီးတာကြီးသပ်သပ်နဲ့ ဆောက်ထားတဲ့ ကွန်ကရစ်မြို့တွေ မဟုတ်ဘဲ ရှေးဟောင်းဗလီ၊ ချာခ်ျကျောင်း၊ တံတား၊ ပြတိုက်တွေနဲ့၊ သစ်ပင်တွေနဲ့ စိမ်းလန်းသာယာနေပြီး အဲ့ဒီမြို့တွေမှာနေထိုင်တဲ့သူတွေဟာလည်း ဘော့စ်နီးယန်းမွစ်စလင်မ်၊ ကတ်သလစ်ခရိုအတ်၊ အော်သိုဒေါက်စ်ဆာဘ် အစရှိသဖြင့် အသွေးစုံဘာသာစုံနဲ့ ချစ်ခင်စိုပြည်နေတာကို တွေ့ရမှာပါ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘာသာတစ်ခုနဲ့တစ်ခု အပြန်အလှန် လက်ထပ်တာတွေကလည်း အတော်လေးရှိတာမို့ ယူဂိုဆလာဘ်ပြည်ထောင်စုလူမျိုးရယ်လို့ခံယူသူတွေကလည်း ၁၀ ယောက်မှာ ၁ ယောက်နှုန်းရှိပါတယ်စီးပွားရေးအရပြေလည်ပြီး လူနေမှုအဆင့်အတန်းရှိတဲ့ ပြည်ထောင်စု ကို ဒေါက်တိုင် ၃ ခုနဲ့ ထောက်မထားပါတယ်။ ပါတီ၊ တပ်မတော်နဲ့ ဖက်ဒရယ်သမ္မကောင်စီလို့အကြမ်းဖျင်းပြောလို့ရပါတယ်။ […]

ARTICLES

KOSOVO

အငြှိုးအတေးနဲ့ လက်စားချေမှု ၁၃၈၉ ခုနှစ် ဥရောပတောင်ပိုင်း kosovo ဒေသ ဘလက်ဘာဒ်ကွင်းပြင်မှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်။ အော်တိုမန်တာခ်တွေနဲ့ ဆာဘ်တွေတိုက်ခဲ့ကြတာ။ တာခ်တွေရဲ့အောင်ပွဲနဲ့အတူ kosovo ဒေသဟာ အပြောင်းအလဲတစ်ခု စခဲ့တယ်။ အလ်ဘေးနီးယား နဲ့ ဆားဘီးယား ကြားက မကြာခဏလက်လွှဲပြောင်းပြီး နယ်မြေလုခဲ့ရတဲ့ kosovo ဒေသလေးဟာ တာခ်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ် ၅၀၀ လောက် ဝပ်ဆင်းသွားပါတော့တယ်။ ဘော်လ်ကန်ဒေသမှာ ပတ်ချာလည်လူမျိုးစုတွေကို နှိပ်ကွပ်ပြီး ဗဟို လူမျိုးစုအဖြစ်ရပ်တည်နိုင်တဲ့ ဆာဘ်တွေဟာ kosovo မှာဦးကျိုးခဲ့ရတယ်။ ဒီသိက္ခာကျရမှုနဲ့ နာကျဉ်းမှုကို ဆာဘ်တွေဟာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တာ နှစ် ၆၀၀ ကျော်အထိ လက်ဆင့်ကမ်းလို့ကောင်းတုန်း။ ပဒေသရာဇ်ခေတ်ကစစ်ပွဲတရပ်ရဲ့ နာကျဉ်းမှုဟာ ၂၀ရာစု ကွန်မြူနစ်ခေတ်နဲ့ ကွန်မြူနစ်ခေတ်လွန်ကာလအထိ ရှင်သန်တုန်းပဲ။ kosovo ဒေသအတွင်းမှာအနှိမ်ခံအနေနဲ့နေခဲ့ရတဲ့ […]

ARTICLES

လူထုကို သတ်နေသူများ

ဤဆောင်းပါးသည်  FEB 26, 2013 က mmsy တွင်  ဦးဌေးလွင်ဦး ရေးသားခဲ့သော ဆောင်းပါးဖြစ်ပါသည်။ လူတွေကို သေနတ်နဲ့ပစ်သတ်၊ ဓါးနဲ့ခုတ်သတ်၊ လှံနဲ့ထိုးသတ်၊ လည်ပင်းညှစ်သတ်- မှ သတ်တယ်လို့ မပြောနိုင် ပါ။ လူသားတွေရဲ့ အစားအသောက်ထဲမှာ ရောဂါဘယဖြစ်စေမယ့် ဓါတ်တွေကို ထည့်သွင်းကျွေးမွေးခြင်း၊ စား သောက်စေခြင်းဖြင့် တစ်ဖြေးဖြေး သေသွားစေမယ့်နဲ့ နည်းနဲ့ သတ်ခြင်းဟာလည်း လူသတ်ခြင်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံမှာ ဈေးဆိုင်ဖွင့်ရင်- လယ်ယာထုတ်ကုန်နဲ့ ကျမ္မာရေှးဌာနက နှစ်စဉ်လာရောက် စစ်ဆေး ပါတယ်။ အဲ့ဒီဌာန စစ်ဆေးလို့ စစ်ချက် မအောင်ရင် ဆိုင်ကို ပိတ်ရပါ တယ်။ ဒီမှာ အဆင့် သုံးဆင့်ရှိနေတယ်-၊ ရောင်းကုန်အားလုံးကို စစ်ဆေးလို့ ရောင်းကုန်တစ်ခုခုက စစ်ဆေး ရေး မအောင်ရင် […]

ARTICLES

ရခိုင်အားလုံးနဲ့ မသက်ဆိုင်

ဤဆောင်းပါးသည်  March 4, 2013 က mmsy တွင်  ဦးဌေးလွင်ဦး ရေးသားခဲ့သော ဆောင်းပါးဖြစ်ပါသည်။ ရခိုင်နယ်မှာ ရိုဟင်ဂျာ မရှိဘူး ဆိုပြီး ပြောဆိုနေမှု အားလုံးဟာ မျက်ကန်းမျိုးချစ် ခွဲထွက်ရေးဝါဒီ အနောက် သား မျိုးနွယ် လူယုတ်မာ တစ်စုရဲ့ ပြောဆိုချက်သာ ဖြစ်တယ်။ ဒီကိစ္စရပ်မှာ ရခိုင်ပြည် အတွင်းအပြင်နေ ရခိုင် လူမျိုးအားလုံးနဲ့ သက်ဆိုင်ခြင်း လုံးဝ လုံးဝ မရှိပါ။ ရခိုင်ဒေသနေ သာမန် ရခိုင်လူမျိုးဟာ မိမိရဲ့ စားဝတ်နေရေး ကိုသာ နေ့စဉ်အမျှလုံးပန်း ရှာဖွေ စားသောက်နေရပြီး နိုင်ငံရေး၊ ခွဲထွက်ရေး၊ လူမျိုးရေး ကိစ္စများကိုလည်း စိတ် ၀င်စားခြင်း မရှိပါ။ သင်္ကန်းဝတ် တစ်ချို့က ခွဲထွက်ရေးနဲ့ အမျိုးသားရေးကို လှုံ့ဆော်နေပေမယ့်-၊ ထိုကိစ္စမှာ မိရိုးဖလာ […]

ARTICLES

Genocide ဝေါဟာရ၊ Genocide ဥပဒေ ရဲ့ ပဲ့ကိုင်ရှင် Dr.Raphael Lemkin (စ/ဆုံး)

Genocide ဝေါဟာရ၊ Genocide ဥပဒေရဲ့ ပဲကိုင်ရှင် Dr.Raphael Lemkin အပိုင်း (၁) အိုင်းစတိုင်းလို့ပြောရင် လူအတော်များများသိကြတယ်။ ၂၀ ရာစုရဲ့ Genius ကြီး၊ ရူပဗေဒသီအိုရီတွေနဲ့ ခေတ်ကို ပြောင်းစေသူကြီး၊ ဒါဆို Genius တိုင်းဟာ နာမည်ကြီးသလားပေါ့။ အထူးသဖြင့် လူသားသမိုင်းကို အိုင်စတိုင်းလိုပဲ ပြောင်းလဲပစ်ခဲ့တဲ့ Genius တိုင်းဟာ နာမည်ကြီးသလားပေါ့။ No , Genius တိုင်းဟာ နာမည်မကြီးဘူး။ ဒါပေမဲ့ ဆင်ပိန်ကျွဲလောက်သဘောနဲ့ သာမန်လူထက်တော့ နာမည်ကြီးတယ် နေရာပေးခံရတယ်ပေါ့။ ဒါပေမဲ့ရဲ့ ဒါပေမဲ့ဗျာလူသားသမိုင်းကို အိုင်စတိုင်းလို ပြောင်းလဲစေခဲ့ပြီး အိုင်စတိုင်းထက်တောင် အခက်အခဲတွေကို ကြံ့ကြံ့ခံကျော်လွှားပြီး လူသူသိပ်မသိရတဲ့ Genius တွေရှိသဗျ။ ကျွန်တော် အဲလိုလူတစ်ယောက်အကြောင်းရေးကြည့်မယ်။ အဲဒီလူဟာ နိုဘဲလ်ဆုပေးဖို့ နာမည်စာရင်းထဲမှာ ၉ […]