INTERVIEW

ICC လွှဲပြောင်းရေး တရုတ်နဲ့ ရုရှား ဗီတိုသုံးရင် R2P ဖြစ်နိုင်ဟု CRM အဖွဲ့ပြောကြား

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ သတ်ဖြတ်မောင်းထုတ်ခံခဲ့ရတဲ့ ပဋိပက္ခကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက အဆင့် ၄ ဆင့်နဲ့ ဆောင်ရွက်နိုင်ကြောင်း၊ တကယ်လို့ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချလို့ ICC လွှဲပြောင်းရေး ပျက်ပြားခဲ့မယ်ဆိုရင် ကုလသမဂ္ဂပြဌာန်းထားတဲ့ ကာကွယ်ရန်တာဝန်ရှိမှု ခေါ် R2P အရ နိုင်ငံစုံတပ်ဖွဲ့တွေ ဝင်ရောက်ဖြေရှင်းရတဲ့အဆင့်ကို ရောက်ရှိသွားနိုင်ကြောင်း အမေရိကန်အခြေစိုက် CRM Civil Rights Movement တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ဥက္ကဌ ဦးဌေးလွင်ဦး ကပြောပါတယ်။ ဦးဌေးလွင်ဦး ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။ Source by : https://www.rfa.org/burmese/interview/crm-htaylwinoo-interview-09072018013520.html

Myanmar NEWS

ဒေါ်အောင်ဆန်းစုကြည် ကို သတင်းထောက် မိသားစု မေတ္တာရပ်ခံ

နိင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရတဲ့ ရိုက်တား သတင်းထောက် နှစ်ယောက်ဟာ အပြစ်မရှိဘူးလို့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ ဇနီးနှစ်ဦးက မနေ့က ပြောကြားပြီး သူတို့နှစ်ဦး မိသားစုနဲ့ ပြန်ဆုံဆည်းနိုင်အောင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။ ဒီ သတင်းထောက်နှစ်ယောက်ဟာ ရခိုင်ပြည်နယ်က သတင်းတင်ပြတဲ့အတွက် မဟုတ်ဘဲ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တဲ့အတွက် ဖမ်းဆီးခံရတာလို့ ဂျပန် NHK ရုပ်မြင်သံကြားနဲ့ ဇွန်လကလုပ်တဲ့ မေးမြန်းခန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။ ဒါကို ကိုဝလုံးရဲ့ ဇနီး မပန်းအိမွန်က ကျမတို့ ဘဝတလျှောက်လုံး အမှန်တကယ်မြတ်နိုးခဲ့တဲ့ ပုဂ္ဂိုလ်က ကျမတို့ကို ခုလို နားလည်မှုလွဲတာ အမှန်တကယ် ဝမ်းနည်းရတယ်လို့ မနေ့က ပြောပါတယ်။ ရန်ကုန်မြို့ […]

Myanmar NEWS

မြန်မာတပ်ဖွဲ့ ကျုးလွန်မှု မုချ အရေးယူရမယ်လို့ ဗြိတိန်ပြောကြား

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဂျရယ်မီ ဟန့် က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက လူမျိုးတုံးရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတခုကို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ် ဒီလအတွင်း နယူးယောက်မြို့မှာ သူကမကထပြုလုပ်ဖို့ ရည်မှန်းထားပါတယ်လို့ ပြောကြားရင်း လူမျိုးတုံးရှင်းလင်းမှုကို မည်သည့်ပုံစံ မည်သည့် အခြေအနေမျိုးမှာမှ လက်မခံနိုင်ပါဘူး၊ တာဝန်ရှိသူတွေကို တရားဥပဒေအရ ကြိမ်းသေမုချ အရေးယူရမှာ ဖြစ်တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံလိုကြောင်း၊ မြေပြင်က ပကတိအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်ရှုပြီး မြန်မာ […]

Myanmar NEWS

သတင်းထောက် နှစ်ဦးကို ထောင်ဒဏ်ချမှတ်မှု အတိုင်ပင်ခံရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ AFP ဖော်ပြ

ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားစေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။ သတင်းထောက်တွေရဲ့အမှုကို စစ်ဆေးနေစဉ်ကာလ တစ်လျောက်လုံးမှာလည်း အမှုနဲ့ပတ်သက်ပြီး တစ်စုံတရာ မဝေဖန် မပြောဆိုခဲ့ကြောင်းလည်း ဖေါ်ပြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးခင်မင်တဲ့ အမေရိကန် သံတမန်တစ်ဦးဖြစ်သူ Bill Richardson ကတော့ သတင်းထောက်နှစ်ဦးနဲ့ပတ်သက်ပြီး ပြောဆိုကြည့်ဖို့ ကြိုးစားခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်က ခါးခါးသီးသီး တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ပြောဆိုတာတွေမှာ ဒေါသအပြည့်ပါနေပြီး၊ သတင်းထောက်တွေကို သစ္စာဖောက် တွေလို့ ညွှန်းဆိုခဲ့တယ်လို့ Bill Richardson က AFP သတင်းကို ပြောပါတယ်။ […]

Myanmar NEWS

ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ မနက်ဖြန်တွေ့မည်

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့တို့ဟာ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း (Sun Guoxiang) ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ စက်တင်ဘာလ ၅ ရက်နေ့ မနက်ဖြန်မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံကြမယ်လို့ TNLA အဖွဲ့က ပြောပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ TNLA တအာင်းလွတ်မြောက်ရေးအဖွဲ့၊ AA ရခိုင်တပ်မတော်၊ MNDAA ကိုးကန့်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေရဲ့ အခုတွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၇ ဖွဲ့ရှိတဲ့ထဲက အခုတွေ့ဆုံမယ့် အဖွဲ့သုံးဖွဲ့ကို မြန်မာ့တပ်မတော်ဘက်က စောစောပိုင်းက လက်ခံခြင်းမရှိပါဘူး။ မနက်ဖြန် တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က… “လောလောဆယ် တွေ့ဆုံဆွေးနွေးမှုတွေ ရပ်နေတယ်၊ ဒါကြောင့်မို့ တရုတ်အထူးသံတမန် မစ္စတာဆွန်ကော်ရှန်းရဲ့ ကြားဝင်မှုနဲ့ တွေ့ဆုံကြမှာ […]

Myanmar NEWS

သတင်းထောက်နှစ်ဦးအမှု တရားရုံးဆုံးဖြတ်ချက် ပြန်သုံးသပ်ဖို့ ကုလသမဂ္ဂပြော

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တဲ့အပေါ် အထူးစိုးရိမ်မိကြောင်း ၊ မြန်မာအာဏာပိုင်တွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ကြဖို့ တိုက်တွန်းလိုက်ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေဟာ ဒီမိုကရေစီအတွက် အရေးကြီးတာကြောင့် ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း သတင်းရေးတဲ့အတွက် ဖမ်းဆီးထောင်ချတယ်ဆိုတာ လက်ခံနိုင်ဖွယ် မရှိကြောင်းလည်း ပြောပါတယ်။ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေကလည်း ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ချခံရတာ နဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်တာဟာ မြန်မာနိုင်ငံ အမှောင်ကျသွားတဲ့ အခိုက်အခါ ဖြစ်သွားခဲ့တယ်လို့ ကုလသမဂ္ဂ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မြှင့်တင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye နဲ့ […]

Myanmar NEWS

အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားကတ်ထုတ်ပေးတာ ပြန်စိစစ်ဖို့ ကမန်ပါတီစာပို့

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင် ၃ဝဝဝ ကျော်ကို ကမန်တိုင်းရင်းသားတွေ ဆိုပြီး နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးနေတာကို ပြန်လည်စိစစ်ပေးဖို့ ကမန်အမျိုးသား တိုးတက်ရေးပါတီက နိုင်ငံတော် သမ္မတဆီ ဒီကနေ့ စာပေးပို့လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်ကုန်ပိုင်းကတည်းက အခုလိုထုတ်ပေးနေတာလို့ ကမန်အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောပါတယ်။ “ပြီးခဲ့တဲ့ ၂ဝ၁၇ ဒီဇင်ဘာလကနေ အခု သြဂုတ်လအထိ ပေါ့ဗျာ၊ သူတို့က ရခိုင်လည်းမသိအောင်၊ ကမန်လည်းမသိအောင် နည်းနည်း… နည်းနည်းနဲ့ လုပ်သွားတာဗျ။ ကျနော်တို့ တိုင်းရင်းသားတွေကတော့ အဲဒီမှာ ရကြပါတယ်၊ ဒါပေမဲ့ ကမန်မဟုတ်တဲ့သူတွေက ၃၃ဝ၆ ဦး အခု ထုတ်ပေးလိုက်တယ်ဆိုပြီး ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦး ဆက်သွယ်ချက်အရ […]

Myanmar NEWS

အစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို ကျူးလွန်တယ်လို့ အတိုင်ပင်ခံ ပြောခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်း ကိုဝလုံး ဇနီးပြော

ဂျပန်သတင်းဌာန NHK နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးဟာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို ကျူးလွန်တယ်ဆိုပြီး ပြောခဲ့တဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ကိုဝလုံး ရဲ့ ဇနီး မပန်းအိမွန် က ပြောပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေနှစ်ဦးက ဒီနေ့ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အိမ်ထောင်ဦးစီးတွေက ထောင်ထဲမှာ ရှိနေတဲ့အတွက် မိန်းမသားတွေအနေနဲ့ အဆင်မပြေပေမယ့် အားတင်းထားကြောင်းလည်း ပြောပါတယ်။ ကိုကျော်စိုးဦးရဲ့ ဇနီးဖြစ်သူ မချစ်စုကတော့ ဖခင်ဖြစ်သူ ဖမ်းဆီးထောင်ချခံရတာနဲ့ ပတ်သက်လို့ သူ့သမီးလေးမှာ စိတ်ဒဏ်ရာရသွားမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးဌာန ၇ ခုဆီကို အသနားခံစာတင်ခဲ့တယ်လို့လည်း သိရပါတယ်။ Source […]

Myanmar NEWS

သတင်းထောက်နှစ်ဦးကို ထောင်ဒဏ်နှစ်ရှည်ချမှု သတင်းမီဒီယာဥပဒေကို မျက်ကွယ်ပြုရာရောက်

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တာဟာ တရားရုံး အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းလိုက်တဲ့ သတင်းမီဒီယာ ဥပဒေကို မျက်ကွယ်ပြု ရာရောက်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမှုကိုစီရင်ချက်ချတဲ့အချိန်မှာ သတင်းမီဒီယာဥပဒေထဲက စကားလုံးတချို့ကို တလွဲအသုံးချသွားတာ တွေ့တယ်လို့  သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။ “၂၀၀၈ အခြေခံဥပဒေဆိုတာက ၃၅၄ လေးမှာ ပြဋ္ဌာန်းထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် သိပိုင်ခွင့်ဆိုတဲ့ ဟာမျိုးတို့ အဲဒါကိုဆိုလိုတာပေါ့၊ နောက်တစ်ခုကတော့ သတင်းမီဒီယာဥပဒေမှာ အခန်း ၃(၆)မှာရယ် အဲဒါက သတင်းအချက်အလက် ရပိုင်ခွင့်ပေါ့နော်၊ လျှို့ဝှက်သတ်မှတ်ထားတဲ့ဟာတွေမှ အပဆိုပြီးတော့ ရေးထားတယ်၊ ဒါပေမဲ့ အဲဒါက ရပိုင်ခွင့် ဒါပေမဲ့ မနေ့က […]

Myanmar NEWS

သတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ ဖုန်းထဲမှာ ရှိတဲ့ စာရွက်စာတမ်းတွေဟာ နိုင်ငံတော် လျှို့ဝှက်ချက်နဲ့ ငြိစွန်းတယ်ဆိုပြီး မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။ တရားရင်ဆိုင်နေချိန်မှာ နိုင်ငံတော် အကြီးအကဲတွေက ရှေ့ပြေးစကားလုံးတွေ ပြောထားကြတဲ့အတွက် ဒီအမိန့် ချလိုက်တဲ့အပေါ် စိတ်ပျက်မိကြောင်း သတင်းထောက် ၂ ဦးရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။ “ဒီနေ့အမိန့်ကတော့ ကျနော်တို့ တော်တော်စိတ်ပျက်စရာပါနော်။ စိတ်ပျက်စရာ ကောင်းပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ကို လူကြီးတွေ အထက်အကြီးအကဲ တော်တော်များများ ပြောကြပါတယ်။ ရဲချုပ်လည်း ပြောတယ်။ ပါတီဆိုက်ဒ်ကလူတွေလည်း ဒီအမှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတာတွေ ရှိတယ်။ သို့ပေမယ့် […]