Myanmar NEWS

ဓာတ်ပုံသက်သေရှာ ကိရိယာသစ် AI အသုံးပြု

အမေရိကန် တက္ကသိုလ်တစ်ခုက ကျောင်းသားတွေတည်ထွင်ခဲ့တဲ့ ကွန်ပြူတာနည်းပညာသုံး ခွဲခြမ်းစိတ်ဖြာ ကိရိယာတစ်ခုကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက ချေမှုန်းခဲ့မှုနဲ့ ပတ်သက်ပြီး AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အသုံးပြုနေပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ပြင်သစ်နိုင်ငံ Nice နီးစ်မြို့ပင်လယ်ကမ်းစပ်မှာ အကြမ်းဖက်သမားတစ်ဦးက လူတွေကို ကုန်တင်ကားတစ်စီးနဲ့ လိုက်လံတိုက်ခိုက်လို့ သေဆုံးဒဏ်ရာရာသူတွေထဲမှာ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်ကျောင်းသားတွေ ပါဝင်ခဲ့ပါတယ်။ ဒီကျောင်းသားတွေထဲက တချို့ဟာ အဲဒီတိုက်ခိုက်မှုဖြစ်ပွားလို့ ကစင့်ကလျှားပြေးလွှားကြစဉ်က ဒေသတဝိုက်ရှိခဲ့တဲ့ လူတွေထံကရရှိတဲ့ ဓာတ်ပုံတွေ တခြားအချက်အလက်တွေကို ကွန်ပြူတာမှာ စုဆောင်းထည့်သွင်းပြီး အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုကို ခြေရာခံကာ သက်ဆိုင်ရာတွေကို ကူညီခဲ့ပါတယ်။ ဒီနည်းပညာကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ဆဲဖြစ်ပေမယ့် လတ်တလောမှာ လန်ဒန်အခြေစိုက် AI အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ချေမှုန်းမှုနဲ့ပတ်သက်ပြီး […]

Myanmar NEWS

ထွက်ပြေးသွားသူတွေ အလျင်အမြန် လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ နေပြည်တော်မှာ မနေ့က တွေ့ဆုံပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားကြသူတွေ ပြန်လည်လက်ခံရေး အစီအစဉ်ကို အလျင်အမြန်စတင်ဖို့ သဘောတူညီလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ သြဂုတ် ၁ဝ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ထွက်ပြေးသွားသူတွေ မိမိ ဆန္ဒအလျောက် လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ခံရေးကိစ္စ တွေ ဆွေးနွေးရာမှာ ချောမွေ့ရေးအတွက်၂ နိုင်ငံအကြား တိုက်ရိုက်ဆက်သွယ်နိုင်မယ့် Hotline တစ်ခု ထူထောင် ထားပြီး ဖြစ်ကြောင်း၊ ၂ နိုင်ငံ သဘောတူထားတဲ့ စိစစ်ရေးပုံစံတွေကို ကော့ဇ်ဘဇားမှာ ရောက်ရှိနေတဲ့ နေရပ် […]

Myanmar NEWS

ICC က အရေးမယူနိုင်ဘူးဆိုပေမယ့် ဖိအားတွေကို ရှောင်လွှဲလို့ရမှာ မဟုတ်လို့ HRW ပြော

ICC ခေါ် နိုင်ငံတကာရာဇဝတ်ခုံရုံး အနေနဲ့  မြန်မာနိုင်ငံအပေါ် အရေးယူနိုင်ဖို့ လိုအပ်ချက်တွေရှိနေတဲ့ အပေါ် မြန်မာအစိုးရက ကစားနေသလို၊ မြန်မာ့တပ်မတော်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုတော့ ဖိအားတွေကနေ ရှောင်လွှဲလို့ ရနိုင်မှာမဟုတ်ဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားလိုက်ပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကRFA ကို ပြောခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို အတင်း အဓမ္မ မောင်းထုတ်လိုက်တဲ့ လုပ်ရပ်အပြင် တပ်မတော်အနေနဲ့ Crime against Humanity ဆိုတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု ချိုးဖောက်ထားတာ ထင်ရှားပါတယ်။ ဒါကို အရေးနိုင်ဖို့ ဆိုတာလဲ နိုင်ငံတကာရာဇဝတ်ခုံရုံး အနေနဲ့ ဖြည့်ဆည်းစရာတွေ ရှိနေပါတယ်။ ဒီအခြေအနေမှာ မြန်မာအစိုးရက ကစားနေတယ်လို့ ထင်ပါတယ်။ ဒီလိုလုပ်တာဟာ မြန်မာအစိုးရက စုံစမ်းစစ်ဆေးရေးအတွက် စိတ်အားထက်သန်မှု မရှိဘူးလို့လဲ ဆိုနိုင်ပါတယ်။ သူတို့အနေနဲ့ ICC ကိုတင်မယ့် နိုင်ငံတကာဖိအားကို ဘယ်လို ကျော်လွှားနိုင်မလဲ ဆိုတာပဲ လုပ်နေတာပါ။ သူတို့ ဘယ်လိုပဲကြိုးစားကြိုးစား၊ တပ်မတော်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူးလို့ သူက ပြောပါတယ်။ ဒါ့အပြင် မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေးကော်မရှင်ကလဲ အလုပ်ဖြစ်မယ်မထင်ဘူးလို့ HRW အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကပြောပါတယ်။ Source by : https://www.rfa.org/burmese/news

Myanmar NEWS

မြန်မာကို အရေးယူဖို့ ကုလကို ဘင်္ဂလားဒေ့ရှ် တင်ပြ

 ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လည် လက်ခံရန် မြန်မာအစိုးရအနေနဲ့ လိုအပ်သလို လုပ်ဆောင်ခြင်း မရှိတဲ့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မနေ့က ပြောကြားလိုက်ပါတယ်။ လုံခြုံရေးကောင်စီကို ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် Masud Bin Momen မာဆူ ဘင် မိုမင် ပေးအပ်ခဲ့တဲ့ စာထဲမှာ သူတို့ အစိုးရက မြန်မာအစိုးရနဲ့ ဆက်သွယ်ကြိုးစားပေမယ့် ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်လည် အခြေချရေးအတွက် လိုအပ်တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံဘက်က အခုအချိန်ထိ ဖြည့်ဆီးနိုင်ခြင်း မရှိသေးကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရဟာ ဒီပြသနာရဲ့ ပမာဏကြီးမားလှတာကို လျှော့ချဖို့ ကြိုးစားတဲ့အနေနဲ့ ရခိုင်ပြည်နယ်က သူတို့နိုင်ငံ ထွက်ပြေးရောက်ရှိနေသူအရေအတွက်ကို ၅ သိန်းထက်မပိုပါဘူးလို့ ပြောကြားနေကြောင်းလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံရေးကောင်စီကို […]

Myanmar NEWS

ကျောက်ဖြူ စီမံကိန်းအတွက် တရုတ် ရင်းနှီးမြှုပ်နှံမှု မလိုချင်ခဲ့ဟု ဆို

ရခိုင်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းအတွက် နိုင်ငံတကာ တင်ဒါ ခေါ်ယူခဲ့စဉ်က တရုတ် နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုကို မလိုချင်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန် နှင့် ဥရောပ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု တို့ကို မျှော်လင့်ခဲ့ဖူးကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုး တက်မှု ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဒေါက်တာ ကံဇော်က ပြောသည်။ ထိုစဉ်က ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်း တင်ဒါရွေးချယ်ရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည့် ဒေါက်တာ ကံဇော်က ဧရာဝတီနှင့် သီးသန့် တွေ့ဆုံမှု တခုတွင် အထက်ပါအတိုင်း ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။ “တင်ဒါ ခေါ်တာလည်း နိုင်ငံတကာ […]

Myanmar NEWS

ရခိုင်ပြဿနာ မြန်မာဒီမိုကရေစီပြောင်းလဲရေးအတွက် အခရာကျဟု ဂျပန်ဝန်ကြီးပြော

ရခိုင်ပြည်ရဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းမှုဟာ မြန်မာပြည်ရဲ့ ဒီမိုကရေနိုင်ငံ ထူထောင်ရေး အောင်မြင်စေဖို့အတွက် အလွန့်အလွန် အရေးကြီးတယ်လို့ ယူဆကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုကပြောပါတယ်။ ရခိုင်ပြည်က တဖက်နိုင်ငံကို ထွက်ခွာသွားကြသူများ ပြန်လည် လက်ခံရေးကိစ္စအပါအ၀င် ကိစ္စရပ် အတော်အများများကို ဒီကနေ့ ဆွေးနွေးခဲ့ကြတာမှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်ကို လုပ်ပိုင်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့်ပေးထားကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောကြားခဲ့ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ၀န်ကြီး ၂ ဦးရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။ မြန်မာနိုင်ငံကို တရက်ကြာ ခရီးစဉ်အဖြစ် ရောက်လာတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ […]

Myanmar NEWS

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ASEAN အားပေးမည်

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည် တွေ မူရင်းနေရာတွေဆီ ကိုယ့်သဘောနဲ့ ကိုယ် ပြန်နိုင်ရေးအပေါ် အာဆီယံရဲ့ သဘောထားကို စင်္ကာပူမှာ စနေနေ့ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း စင်္ကာပူနိုင်ငံခြား ရေးဝန်ကြီး Vivian Balakrishnan က ပြောသွားပါတယ်။ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် မူရင်းနေရာတွေဆီ ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့အကြား တူညီတဲ့ သန္နိဌာန်ကို ဆက်ပြီး တွန်း အားပေးလုပ်ဆောင်သွားဖို့ ကျနော်တို့အားလုံးက အားပေး တိုက်တွန်းပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ဘေးကင်း လုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ အနေအထားနဲ့ လုပ်ရမှာ ဖြစ်သလို မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေမရှိစေဘဲ လုပ်ဆောင်ရ မှာလည်း ဖြစ်ပါတယ်” လို့ ဝန်ကြီး Balakrishnan က သတင်းထောက်တွေကို ပြောပါတယ်။ လက်ရှိအာဆီယံ […]

English NEWS

UN Council to Commemorate Myanmar Crackdown on Rohingya

UNITED NATIONS — The U.N. Security Council is planning to commemorate the one-year anniversary of Myanmar’s violent crackdown that led about 700,000 Rohingya Muslims to flee to Bangladesh at a meeting later this month. British Ambassador Karen Pierce, the council president for August, said at a news conference Wednesday that Secretary-General Antonio Guterres, who called […]

English NEWS

Suu Kyi to be removed from human rights museum exhibit following criticism of response to Rohingya crisis

Myanmar leader has been criticized for failing to condemn violence against Rohingya Muslims The Canadian Museum for Human Rights is removing reference to Myanmar leader Aung San Suu Kyi from one of its displays and dimming her picture in another, following criticism of the Nobel Peace Prize winner’s response to widespread allegations of human rights […]

Myanmar NEWS

စုံစမ်းရေး ကော်မရှင်သစ် ဟန်ပြအဖြစ် ပြောဆို

ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ အစိုးရက လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မ ရှင်သစ် ဖွဲ့စည်းလိုက်တာဟာ ထွင်လုံးသက်သက်ပဲလို့ အကဲခတ်တွေက မနေ့က ဝေဖန်လိုက်ပါတယ်။ ဒါဟာ နိုင်ငံရေးထွင်လုံးလို့ ရန်ကုန်အခြေစိုက် အကဲခတ်ပုဂ္ဂိုလ် David Mathieson က ပြောပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ကုလသမဂ္ဂနဲ့ မီဒီယာတွေက သက်သေအထောက်ထားတွေ စုဆောင်းထားပြီးတဲ့ အကြောင်း၊ ဒီ စုံစမ်းရေးကော်မရှင်ဟာ ဟန်ပြလုပ်တာနဲ့တူပြီး စစ်မှန်တဲ့ စုံစမ်းစစ်ဆေးရေးမဟုတ်ဘဲ စစ်တပ်က လူမျိုးစုရှင်းလင်းတာကို အကာကွယ်ပေးဖို့ ပူးပေါင်းနိုင်ရုံပဲ ရှိမယ့်အကြောင်း ပြောပါတယ်။ စုံစမ်းရေးကော်မရှင်သစ်မှာ နိုင်ငံခြားသားနှစ်ဦးနဲ့ မြန်မာနှစ်ဦး ပါဝင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေး ဒုဝန် ကြီးဟောင်း Rosario Manalo ၊ ဂျပန်နိုင်ငံဆိုင်ရာကုလသမဂ္ဂ ကိုယ်စားလှယ် Kenzo Oshima၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး […]