Myanmar NEWS

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက နုတ်ထွက်သင့်တယ်လို့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့ကပြော

 မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ရာထူးက နုတ်ထွက်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့ကပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မှာ မနေ့က ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး ဆွေးနွေးပွဲမှာ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် မာဇူကီ ဒါရပ်စ်မင်း က ပြောကြားခဲ့တာပါ။ ရှေ့ဆက်လှမ်းရမယ့် တစ်ခုတည်းသော လမ်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှ်ိုင် ကို ရာထူးက နုတ်ထွက်ခိုင်းဖို့နဲ့ အမြန်ဆုံး ဆင်းသွားဖို့ပဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီအတွင်း အီးယူ ဥရောပ သမဂ္ဂ အမှုဆောင်အဖွဲ့က ဒီသီတင်းပတ်အတွင်း ဘရပ်ဆဲမြို့မှာ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ရေးသားခဲ့ကြသူတွေနဲ့ စည်းဝေးပွဲ ကျင်းပမယ်လို့ သိရပါတယ်။ ရိုဟင်ဂျာ မွတ်စလင်တွေကို […]