ARTICLES

ဘယ်လိုလူ့အဖွဲ့အစည်းမှာ ဂျင်နိုဆိုဒ်ဖြစ်သလဲ ?

အပိုင်း (၁) ရွံရှာစက်ဆုပ် —————— 3rd year တုန်းက အိမ်ပြန်ရောက်တာနဲ့လွယ်အိတ်ချပြီး TV ဖွင့်။ Auswitch : Nazi’s Final Solution to the Jewish Problem ဆိုတာကြည့်။ တစ်ရက်ကို ၁၅ မိနစ်စာလောက်ဖြည်းဖြည်းချင်းကြည့်တယ်။ နာဇီတွေအာဏာရခါစအချိန် ဂျူးတွေကို ဒုတိယတန်းစားနိုင်ငံသားအဖြစ်လျှော့ချတဲ့ နျူရင်ဘတ်ဥပဒေတွေထုတ်ပြန်တာကနေ အော့ခ်ျဝဇ်အကျဉ်း စခန်းကို ဆိုဗီယက်တပ်တွေဝင်သိမ်းပြီး အကျဉ်းသားတွေ လွတ်မြောက်တဲ့အထိ ကြည့်ဖြစ်တယ်။ ဇာတ်ကွက်တွေကတော့ အစုံအလင်ပဲ။ စိတ်ထဲ စွဲစွဲထင်ထင်ဖြစ်နေတဲ့ အခန်းတွေကတော့အများကြီးပေါ့။ ဥပမာ ဂျာမန်တွေက ဆိုဗီယက်ကိုဝင်သိမ်းပြီး အရှေ့ဥရောပတစ်ခုလုံးဟာ နာဇီလက် အောက်ကျရောက်သွားချိန်မှာ အဲဒီဒေသက ဂျူးတွေခံစားရတဲ့ဒုက္ခကိုကြည့်ပြီး အတော်လန့်မိတယ်။ ဂျာမန်တွေက မြို့တစ်မြို့ကို ဝင်သိမ်းလိုက်မယ်။ ပြီးရင်ဂျူးတွေကို ဖမ်းဖို့လုပ်ပြီ။ ကျွန်တော်တုန်လှုပ်မိတာက အဲဒီမြို့ခံတွေကိုယ်တိုင်က နာဇီတွေနဲ့ […]

Myanmar NEWS

မြန်မာကို ICC ပို့ဖို့ အာဆီယံအမတ်တွေ ကြေညာချက်ထုတ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေအပေါ် ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကိုပို့ဖို့ အာဆီယံ လွှတ်တော်အမတ်တွေက ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အမတ် ၂၂ ဦးအပါအဝင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ တီမောနိုင်ငံတွေက လွှတ်တော်အမတ်တွေ စုစုပေါင်း ၁၃၂ ဦးက ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတဆင့် ICC ကို ပို့ပေးဖို့လည်း ကြေညာချက်မှာ ပါဝင်ပါတယ်။ မနက်ဖြန် သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးရဲကင်းစခန်းတွေ ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ တနှစ်ပြည့်ပြီဖြစ်ပါတယ်။ […]