Myanmar NEWS

ရိုဟင်ဂျာအရေး Genocide ဟုတ် မဟုတ် ကန် သုံးသပ်ဆဲ

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြီးခဲ့တဲ့နှစ်ထဲ ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် သုံးနှုန်းပြောဆိုရမယ့် အဆင့်အထိ ရောက်-မရောက် ဆိုတာကို မဆုံးဖြတ်ရသေးကြောင်း အမေရိကန် အစိုးရက ပြောဆိုလိုက်ပါတယ်။ အခုအချိန်အထိ သိရသလောက် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အနေနဲ့ ဆုံးဖြတ်ချက် တစုံတရာ မချရသေးကြောင်းနဲ့ ဆုံးဖြတ်ချက် ချပြီးတဲ့အခါ အများပြည်သူသိအောင် ထုတ်ပြန်မှာဖြစ်ကြောင်း မနေ့တုန်းက ၀ါရှင်တန်က သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert က ပြောဆိုလိုက်တာပါ။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြောဆိုဖို့ အမေရိကန် တာဝန်ရှိသူတွေကြား အချေအတင် ငြင်းခုန်နေဆဲဖြစ်ကြောင်း ၀ါရှင်တန် နိုင်ငံရေးလောကအကြောင်း ရေးသားဖော်ပြနေတဲ့ Politico သတင်းဌာနက အစိုးရအတွင်းသတင်းကို ကိုးကားဖော်ပြခဲ့တာကို […]

Myanmar NEWS

တရုတ်ယဉ်ကျေးမှုဌာန ကန် တက္ကသိုလ် ပိတ်ပင်

■ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မြောက်ပိုင်း တက္ကသိုလ် The University of North Florida က သူတို့ တက္ကသိုလ်မှာ တရုတ်အစိုးရ လာရောက် ဖွင့်လှစ်ထားတဲ့ တရုတ်ယဉ်ကျေးမှု လေ့လာသင်ကြားရေး ဌာနကို ပိတ်ပစ်တော့မယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ၂ဝ၁၄ မှာ ဖွင့်လှစ်ခဲ့တဲ့ အဲဒီ ကွန်ဖြူးရှပ်သိပ္ပံဟာ အမေရိကန် အဆင့်မြင့်ပညာရေးကဏ္ဍကို တရုတ်ပြည်က ဝင်ရောက်လွှမ်းမိုးနေတာဖြစ်တယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ဝေဖန်ထောက်ပြခဲ့ပြီးနောက် ဒီဌာနမှာ သင်ကြားနေတဲ့ ပညာရပ်တွေနဲ့ လှုပ်ရှားမှုတွေဟာ မိမိတို့ မူလရည်မှန်းချက်တွေနဲ့ ကွဲလွဲနေတဲ့အတွက် အခုလို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ တက္ကသိုလ်က ကြေညာခဲ့တာပါ။ အဲဒီ ကွန်ဖြူးရှပ်သိပ္ပံဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ အခြေစိုက်ပါတယ်။ အခုလို ပိတ်ပစ်ဖို့ တက္ကသိုလ်က ဆုံးဖြတ်လိုက်တာကို ဖလော်ရီဒါပြည်နယ် […]