English NEWS

It's genocide, Stupid

ANALYSIS/OPINION: Only a year ago the military junta began a sustained assault on the people of Myanmar’s Rohingya district. Over a period of three months, the generals engaged in a campaign of rape, murder and fire, slaying in cold blood thousands of innocents, and burning more than 300 villages, determined to drive out the Muslims who […]

Myanmar NEWS

ရိုဟင်ဂျာအရေး ICC တင်ဖို့ မှတ်တမ်း ပြုစုနေ

ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူဆလင်တွေ မြန်မာစစ်တပ်ရဲ့နှိမ်နင်းမှုကိုခံခဲ့ကြရတာနဲ့ပတ် သက်ပြီး ICC လို့ခေါ်တဲ့ နိုင်ငံတကာ ပြစ်မှုခုံရုံးကနေ စုံစမ်း စစ်ဆေးပေးဖို့ ရိုဟင်ဂျာဒုက္ခသည်တွေအကြား သက်သေ အချက်အလက်တွေစုဆောင်းနေပါတယ်။ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ပြစ်မှုအဖြစ်အရေးယူပေးဖို့ ICC ခုံရုံးကို တိုက်တွန်းနေကြတာပါ။ အချက်အလက်စုဆောင်းမှုအခြေအနေတွေဘယ်လိုရှိသလဲဆိုတာ ကိုကျော်အောင်လွင်က ပြောပြမှာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဘက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ကြတဲ့ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေထဲက အဖြစ်ဆိုးတွေကြုံခဲ့ကြရတဲ့သူတွေရဲ့အတွေ့အကြုံတွေကို ဒုက္ခသည်စခန်းတွေအတွင်းမှာ မှတ် တမ်းပြုစု အချက်အလက်စုဆောင်းမှုတွေလုပ်နေပါတယ်။ မှတ်တမ်းပြုစုရေးအဖွဲ့တွေဖွဲပြီး လုပ်ဆောင်နေတဲ့အထဲမှာ ရိုဟင်ဂျာအသိုင်းအ၀ိုင်းရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ Mohibulla လည်းပါပါတယ်။ သူကသက်သေခံ အချက် အလက်စုဆောင်းသူ အဖြစ် ကူတုပါလောင်ဒုက္ခသည်စခန်းမှာ လုပ်ဆောင်နေပါတယ်။ “ICC နိုင်ငံတကာပစ်မှုခုံရုံးကနေအရေးယူပေးနိုင်အောင် ကျနော်တို့ကျိုးပမ်းနေပါတယ်။ ကျနော်တို့ ခုံရုံးကိုတက်မယ်ဆို ရင် အချက်အလက်မှတ်တမ်းတွေလိုအပ်ပါတယ်။ အဲဒါကြောင့် အချက်အလက်တွေကျနော်တို့စုဆောင်းနေကြတာပါ။ အဖြစ်ဆိုးတွေကြုံတွေ့ခံစားခဲ့သူတွေက ဘယ်သူတွေလဲ။ လူဘယ်နှစ်ဦးအသတ်ခံခဲ့ရတာလဲ။ ဒဏ်ရာရတဲ့သူတွေက ဘယ်လောက်ရှိသလဲဆိုတာတွေကို ကျနော်တို့စာရင်းကောက်ပြီးအချက်အလက်စုနေပါတယ်” […]

ARTICLES

ဘော့စ်နီယားဂျင်နိုဆိုဒ်(၃)

မသူတော်အတွက် သတင်းကောင်း ဆာဘ်တွေဟာ ဂွင်ရှာနေတာ ကြာပါပြီ။ မထင်မှတ်ဘဲ ဆာဘ်တွေ အတွက် ဂွင်တွေ့သွားစေတာကတော့ ၁၉၉၄ နှစ်လယ်လောက်မှာ ထဖြစ်တဲ့ ရဝမ်ဒါဂျင်နိုဆိုဒ်ပါ။ ၃ လ လောက်အတွင်း လူသိန်းချီ ဖြုတ်ခနဲသတ်ဖြတ်ခံရတဲ့ ရဝမ်ဒါဂျင်နိုဆိုဒ်မှာ အနောက်နိုင်ငံတွေဟာ ရှက်စရာကောင်းလောက်အောင်ကို တာဝန်မဲ့ခဲ့ပါတယ်။ ဘလ်ဂျီယန်ကဆိုရင် UN တပ်အဖြစ်စေလွှတ်ထားတဲ့ သူ့စစ်သားတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဂျင်နိုဆိုဒ်ရာဇဝတ်မှုကြီးကို မျက်နှာလွှဲ ခဲပစ်လုပ်ခဲ့ပါတယ်။ ဒီအဖြစ်တွေကိုကြည့်ပြီး စိတ်အားတက်ကြွနေသူတွေကတော့ ဆာဘ်ခေါင်းဆောင်တွေပါ။ ဘော့စ်နီးယားနဲ့ ပတ်သတ်ရင်လည်း US အပါအဝင် အနောက်နိုင်ငံတွေဟာ အပြတ်အသတ်စစ်တိုက်ဖို့စိတ်မဝင်စားဘဲ ဟိုနားနည်းနည်း ဒီနားနည်းနည်းလောက်ပဲ အကန့်အသတ်နဲ့ ကိုင်တွယ်နေတာမို့ ဆာဘ်တွေဘက်က တစ်ခုခုကို ပြတ်ပြတ်သားသားလုပ်ပစ်ချင်ရင် လုပ်ပစ်လို့ရတယ်လို့ ဆာဘ်တွေ ဘက်က တွက်ဆမိလိုက်ပါတယ်။ ဆာဘ်တွေရဲ့ တွက်ဆမှုဟာ သွေးထွက်အောင် မှန်ပါတယ်။ ဟာ…သွေးထွက်ရုံလောက်ဘယ်ကမလဲ […]

ARTICLES

ဘော့စ်နီယားဂျင်နိုဆိုဒ်(၂)

ရာဇဝတ်ဘေး ပြေးမလွတ်စေရ ၁၉၉၂ ခုနှစ်ဟာ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအဖို့ အင်မတန်မှ ခက်ခဲကြမ်းတမ်းတဲ့နှစ်ပါပဲ။ စစ်ပွဲစတင်တဲ့ ၁၉၉၂ ဧပြီက စပြီး ၇ လအတွင်း ဘော့စ်နီးယန်းမွစ်ဆလင်မ် တစ်သိန်းလောက် အသက်ပျောက်ခဲ့ပါပြီ။ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ကမ္ဘာမြေပြင်ပေါ်ကနေ ပျောက်ကွယ်မသွားရလေအောင် ရုန်းကန်တိုက်ပွဲဝင်ကြရပါတယ်။ ၁၉၉၂ သြဂုတ်လကစပြီး US က စီနီယာဘုရှ် အစိုးရအဖွဲ့ဟာလည်း ရုန်းကန်နေရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲပြိုင်ဘက် ကလင်တန် ဟာ ဘော့စ်နီးယားကိစ္စကို စီနီယာဘုရှ်အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒကျရှုံးပွဲ အဖြစ် ထိုးနှက်မဲဆွယ်နေလို့ပါပဲ။ နာဇီတွေရဲ့ ဟိုလိုကော့စ်နဲ့ယှဉ်ပြီး မီဒီယာတွေက ထုတ်လွှင့်နေတာရယ်၊ ကလင်တန်က မဲဆွယ်ပွဲတွေမှာ ထိုးနှက်နေတာရယ်ပေါင်းလိုက်ရင် ဘုရှ်အစိုးရ အဖွဲ့ရဲ့ အာဏာကုလားထိုင်ဟာ လှုပ်သည်ထက်လှုပ်လာပါတယ်။ ဘုရှ်အစိုးရအဖွဲ့ဟာ ဘော့စ်နီးယားကိစ္စကို မျက်နှာလွှဲခဲပစ်ထားမရ တော့ဘဲ တခုခုတော့ လုပ်ပြရတော့မှာပါ။ ဘုရှ်အစိုးရအဖွဲ့ တင်လိုက်တဲ့ […]

ARTICLES

ဘော့စ်နီယားဂျင်နိုဆိုဒ်(၁)

စိမ်းလန်းသောဖက်ဒရယ်တောင်ကုန်းမှသည် သစ်ချောက်ကုန်းဆီသို့ ၁၉၈၀ လောက်ကသာ ခင်ဗျားဟာ ယူဂိုဆလားဗီးယားကိုရောက်သွားရင် စိုပြည်နေတဲ့ကွင်းပြင်တွေ၊ စိမ်းလန်းနေတဲ့တောင်ကုန်းတွေကနေစီးဆင်းပြီး ကွင်းပြင်ထဲကို ဖြတ်သန်းနေတဲ့ မြစ်ချောင်းတွေ၊ အဲ့ဒီမြစ်ချောင်းတလျှောက်ပေါက် နေတဲ့ ဘယ်ရီချုံပင်တွေနဲ့ သာယာနေတဲ့ ဖက်ဒရယ်နိုင်ငံကိုမြင်ရမှာပါ။ မြို့ပြတွေဟာလည်း တိုက်ကြီးတာကြီးသပ်သပ်နဲ့ ဆောက်ထားတဲ့ ကွန်ကရစ်မြို့တွေ မဟုတ်ဘဲ ရှေးဟောင်းဗလီ၊ ချာခ်ျကျောင်း၊ တံတား၊ ပြတိုက်တွေနဲ့၊ သစ်ပင်တွေနဲ့ စိမ်းလန်းသာယာနေပြီး အဲ့ဒီမြို့တွေမှာနေထိုင်တဲ့သူတွေဟာလည်း ဘော့စ်နီးယန်းမွစ်စလင်မ်၊ ကတ်သလစ်ခရိုအတ်၊ အော်သိုဒေါက်စ်ဆာဘ် အစရှိသဖြင့် အသွေးစုံဘာသာစုံနဲ့ ချစ်ခင်စိုပြည်နေတာကို တွေ့ရမှာပါ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘာသာတစ်ခုနဲ့တစ်ခု အပြန်အလှန် လက်ထပ်တာတွေကလည်း အတော်လေးရှိတာမို့ ယူဂိုဆလာဘ်ပြည်ထောင်စုလူမျိုးရယ်လို့ခံယူသူတွေကလည်း ၁၀ ယောက်မှာ ၁ ယောက်နှုန်းရှိပါတယ်စီးပွားရေးအရပြေလည်ပြီး လူနေမှုအဆင့်အတန်းရှိတဲ့ ပြည်ထောင်စု ကို ဒေါက်တိုင် ၃ ခုနဲ့ ထောက်မထားပါတယ်။ ပါတီ၊ တပ်မတော်နဲ့ ဖက်ဒရယ်သမ္မကောင်စီလို့အကြမ်းဖျင်းပြောလို့ရပါတယ်။ […]