Myanmar NEWS

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ASEAN အားပေးမည်

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည် တွေ မူရင်းနေရာတွေဆီ ကိုယ့်သဘောနဲ့ ကိုယ် ပြန်နိုင်ရေးအပေါ် အာဆီယံရဲ့ သဘောထားကို စင်္ကာပူမှာ စနေနေ့ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း စင်္ကာပူနိုင်ငံခြား ရေးဝန်ကြီး Vivian Balakrishnan က ပြောသွားပါတယ်။ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် မူရင်းနေရာတွေဆီ ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့အကြား တူညီတဲ့ သန္နိဌာန်ကို ဆက်ပြီး တွန်း အားပေးလုပ်ဆောင်သွားဖို့ ကျနော်တို့အားလုံးက အားပေး တိုက်တွန်းပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ဘေးကင်း လုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ အနေအထားနဲ့ လုပ်ရမှာ ဖြစ်သလို မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေမရှိစေဘဲ လုပ်ဆောင်ရ မှာလည်း ဖြစ်ပါတယ်” လို့ ဝန်ကြီး Balakrishnan က သတင်းထောက်တွေကို ပြောပါတယ်။ လက်ရှိအာဆီယံ […]