Myanmar NEWS

အမေရိကန် အောက်လွှတ်တော်ရုံးမှာ မြန်မာ့အရေး ကြားနာပွဲလုပ်

မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် တိုင်းရင်းသားတွေ ဒုက္ခရောက်နေရပုံနဲ့၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ အကြောင်းကို Victims’ Rights in Burma ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်အောက်လွှတ်တော် “ရေဘန်”အဆောက်အအုံမှာ ရှိတဲ့ နိုင်ငံခြားရေးရာ ကော်မတီရုံးမှာ ဒီနေ့ ကြားနာပွဲတရပ် ကျင်းပနေပါတယ်။ မြန်မာ့တပ်မတော်ဟာ ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ တိုက်လေယာဉ်တွေပါ အသုံးပြုပြီး တိုက်ခိုက်တဲ့အတွက် အရပ်သားတွေ အတိဒုက္ခရောက်ရတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် ကချင်တိုင်းရင်းသားများအဖွဲ့ ဥက္ကဋ္ဌ ဂန်ဆန်နန်းက ထွက်ဆိုခဲ့ပါတယ်။ အဲဒီနောက် ဗြိတိန်နိုင်ငံမှာ ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ ကိုထွန်းခင်က… ရိုဟင်ဂျာတွေကို မြန်မာ့တပ်မတော်က ညှဉ်းပန်းနှိပ်စက်တာတွေ၊ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးအောင် စစ်ဆင်ရေး ပုံစံချပြီး မောင်းထုတ်တာတွေကို ထွက်ဆိုပါတယ်။ အဲဒါတွေကြောင့် မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေကို စစ်ရာဇဝတ် ကျူးလွန်မှုနဲ့ ICC နိုင်ငံတကာတရားရုံးကို […]

Myanmar NEWS

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်တဲ့နိုင်ငံတွေထဲ မြန်မာပါဝင်

နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်တို့ဆိုင်ရာ ၀န်ကြီးများအဆင့်ညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ရာ ကမ္ဘာတ၀ှမ်း ဘာသာရေးလွတ်လပ်ခွင့်ဆုံးရှုံးနေမှုတွေကို ကာကွယ်ဖို့အတွက်လုပ်ဆောင်သင့်တဲ့အကြောင်း နိုင်ငံခြားရေးဌာနကပြောပါတယ်။ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ကြောင်း နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်တို့ဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ အထူးသံမှူးကြီး Sam Brownback က သူ့အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးမှာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တာဝန်ယူကျင်းပတဲ့ ပထမဦးဆုံးအကြိမ် ကမ္ဘာတ၀ှမ်း ဘာသာရေးလွတ်လပ်ခွင့် ၀န်ကြီးများအဆင့်ညီလာခံကို အင်္ဂါနေ့ကစပြီး ၃ ရက်ကြာ ကျင်းပခဲ့ရာမှာ အစိုးရအရာရှိတွေ ဘာသာရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အခြေခံလူ့အဖွဲ့အစည်းကိုယ်စားလှယ်အချို့လည်း တက်ရောက်ခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေးရဲ့ အခြေခံအကျဆုံး ဘာသာရေးလွတ်လပ်ဆိုးရွားမှုတွေကို ယနေ့ကမ္ဘာကြီးမှာ ကြုံတွေ့နေရာစဉ်မှာ တရုတ်ပြည်အတွင်း လူနည်းစု ၀ီဂါ နဲ့ တခြားမွတ်ဆလင်တွေ ၊ မြန်မာနိုင်ငံမှာ ၂၀၁၇ သြဂုတ်လကစလို့ ရိုဟင်ဂျာ ၇ […]

English NEWS

Rohingya cannot become ‘forgotten victims,’ says UN chief urging world to step up support

This article is brought to you in association with the United Nations. “Small children butchered in front of their parents. Girls and women gang-raped while family members were tortured and killed,” United Nations Secretary-General António Guterres said Tuesday in a Washington Post opinion piece, adding: “Nothing could have prepared me for the bone-chilling accounts.” The continuing plight of nearly one […]

Myanmar NEWS

ကုလလူ့အခွင့်အရေးမဟာမင်းကြီး လိုရာဆွဲချဲ့ကားပြောသည်ဟု မြန်မာတုံ့ပြန်

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ရခိုင်ပြည်နယ်အရေးပြောဆိုချက်များမှာ လိုရာဆွဲချဲ့ကားပြောဆိုမှုများ ပါဝင်နေသည်ဟု မြန်မာကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တုံ့ပြန်ပြောဆိုလိုက်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ပုံမှန်အစည်းအဝေး၌ ဇူလိုင်လ ၄ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်သူ ဦးကျော်မိုးထွန်းက ယင်းသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Zeid Ra’ad al-Hussein ၏ Conference Room Paper တွင် ပါဝင်သော အချက်အလက်အများအပြားမှာ မှန်ကန်မှုမရှိဘဲ လိုရာဆွဲဖော်ပြခြင်း သို့မဟုတ် ချဲ့ကားဖော်ပြမှုများ ပါဝင်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောဆိုသည်။ မှားယွင်းသည့် အချက်အလက်များသည် ဖတ်ရှုသူများ၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများ ဆုံးဖြတ်ချက်အမှား ချမှတ်စေနိုင်ကြောင်း၊ ရခိုင်ဒေသအတွက် ရေရှည်တည် တံ့မည့်အဖြေကို ရှာဖွေရန် မြန်မာအစိုးရကြိုးစားအားထုတ်မှုများအပေါ် ဆိုးရွားစွာ သက်ရောက်စေကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။ မဟာမင်းကြီး၏စာတမ်းတွင် ဟိန္ဒူ ဘာသာဝင် […]

Myanmar NEWS

‘Have You No Shame?’ Myanmar Is Flogged for Violence Against Rohingya

GENEVA — When a senior diplomat from Myanmar told a gathering of the United Nations Human Rights Council on Wednesday that his country was “committed to the defense of human rights,” he drew an outraged rebuttal from the United Nations’ top human rights official. The claim “almost creates its own level of preposterousness,” said the […]

Myanmar NEWS

မြန်မာအပေါ်ပိတ်ဆို့အရေးယူရေး အမေရိကန်လွှတ်တော်မှာ တားဆီးထား

မြန်မာနိုင်ငံက တပ်မတော်အရာရှိကြီး တချို့ကို ပစ်မှတ်ထား အရေးယူရေးနဲ့၊ ခရီးသွားလာခွင့် ကန့်သတ်ထားတဲ့ ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်မှာ အတည်မပြုနိုင်အောင် အဓိက ပိတ်ပင်ထားသူဟာ အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် မစ်ခ်ျ-မက်ကော်နယ် ဖြစ်တယ်လို့ ဒီနေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားလိုက်ပါတယ်။ ဒီဥပဒေမူကြမ်းကို ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဘင်ဂျမင်ကာဒင် တို့က ရေးဆွဲခဲ့တာဖြစ်ပြီး အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ထောက်ခံထားပြီး ဖြစ်ပါတယ်။ အလားတူ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူဖို့ ပါဝင်တဲ့ ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က မေလက အတည်ပြုထားပြီး၊ ဥပဒေကြမ်း ၂ ခု ပူးပေါင်း အတည်ပြုရေးကိစ္စမှာ အခုလို အချိန်ကြာမြင့်နေတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ လွှတ်တော် သတင်းရပ်ကွက်တွေကို […]