Myanmar NEWS

ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု KIA လက်ချက်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ်တောင်မြို့နယ် ကောင်းခါးကျေးရွာရှိ ကချင်ခရစ်ယာန် အဖွဲ့ ချုပ်(KBC) ဝန်း အတွင်း သာသနာပြု လုပ်အားပေး ကျောင်းဆရာမ ၂ ဦး အဓမ္မပြုကျင့် အသတ်ခံရ မှုတွင် တပ်မတော်ကို စွပ်စွဲနေကြ သော်လည်း စုံစမ်းစစ်ဆေး ကြည့် သည့်အခါ ကချင် လွတ်မြောက် ရေး တပ်မတော် (KIA)၏ လက်ချက်ဟု တွေ့ရကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ မနေ့ ဇွန်လ ၂၈ ရက်က နေပြည်တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာတွင် မြန်မာနိုင်ငံ သတင်း မီဒီယာကောင် စီ(PC) တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း […]

Myanmar NEWS

ရိုဟင်ဂျာစခန်းတွင်း မွေးတဲ့ကလေးငယ်များ စွန့်ပစ်ခံနေရ

အကြမ်းဖက်မှုတွေ အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံခဲ့ရတယ်လို့ ပြောဆိုထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ ပြဿနာ တခုကတော့ ဒီကာလ အတွင်း မွေးဖွားလာတဲ့ ကလေးတွေ အပေါ် မိသားစု အသိုင်းအ၀ိုင်းရဲ့ ငြင်းပယ်ခံရမှုပါ။ ဒီကာလ အတွင်း မွေးဖွားလာတဲ့ ကလေးငယ် တွေအပေါ်မှာလည်း ပတ်ဝန်းကျင်က ကဲ့ရဲ့ ရှုတ်ချမယ့် အရေးအပေါ် အကူအညီပေးရေး အဖွဲ့အစည်းတွေက စိုးရိမ်နေကြတာပါ။ တရုတ် နိုင်ငံပိုင် CCTV သတင်းဌာနရဲ့ သတင်းတပုဒ်ကို မသိင်္ဂီထိုက် ပြောပြပေးမှာပါ။ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေကနေ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာကြတာ တနှစ်နီးပါး ရှိလာခဲ့ပါပြီ။ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် အမျိုးသမီးတွေ အများအပြားကလည်း သူတို့ အပေါ် လုံခြုံရေး တပ်ဖွဲ့တွေက လိင်ပိုင်းဆိုင်ရာ […]

Myanmar NEWS

ကုလ အထူးအကြံပေးပုဂ္ဂိုလ် မြန်မာအတိုင်ပင်ခံနဲ့တွေ့ဆုံ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ ဒီကနေ့ မနက်ပိုင်းမှာ နေပြည်တော်ကို ရောက်ရှိလာပြီး မနက် ၁၀နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့သလို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ လွှတ်တော်ဥက္ကဌ တို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်ခရီးစဉ်မှာတော့ မြန်မာပြည်က လက်ရှိအခြေအနေတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းကို မှန်မှန်ကန်ကန်တင်ပြနိုင်မယ်လို့လည်း မြန်မာအစိုးရဘက် မျှော်လင့်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener လက်ရှိတာဝန်ကို ပြီးခဲ့တဲ့ ဧပြီလမှာ စတင်လက်ခံခဲ့တာပြီး မြန်မာပြည်ကို ပထမဆုံးလာရောက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်ဟာ ဒီကနေ့မနက်မှာ ရောက်ရှိလာကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက […]

INTERVIEW

UEHRD အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်နဲ့ တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၃)

ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ လတ်တလော အကျပ်အတည်း အကြီးမားဆုံးဖြစ်နေတဲ့ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ UEHRD လို့ခေါ်တဲ့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ အစိုးရအဖွဲ့ ပူးပေါင်းပြီး ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့ပေးရေးအဖွဲ့က နိုင်ငံတကာဆက်ဆံရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်ပြုံးကေသီနိုင်နဲ့ ဗွီအိုအေရဲ့အယ်ဒီတာ ဒေါ်ခင်စိုးဝင်းတို့ တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ အခုလောလောဆယ်ပေါ့နော်၊ နိုင်ငံတကာအဖွဲ့အစည်းတွေက လာပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ လာသွားတယ်။ အီးယူ ဥရောပသမဂ္ဂက ကိုယ်စားလှယ်အဖွဲ့ လာသွားတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်လာတယ်။ လာတိုင်းလာတိုင်းမှာ မြန်မာနိုင်ငံထဲကို ဝင်လာ တုန်းကနေပြီးတော့ လိုက်ပြတာတွေ ကြည့်တယ်၊ စခမ်းတွေသွားကြည့်တယ်၊ ဒေါက်တာ ဝင်းမြတ်အေးတို့လည်း ကိုယ်တိုင်ကိုယ်ကျ လိုက်လံပြသတယ်။ ဒါပေမယ့် သူတို့ ပြန်သွားပြီး ဒီနိုင်ငံက ထွက်သွားတာနဲ့တပြိုင်နက် ‘မြန်မာနိုင်ငံကတော့ ဒုက္ခသည်တွေကို […]

Myanmar NEWS

ပြစ်တင်ဝေဖန်မှုတို့ ရပ်တန့်ချိန်တန်ပြီ

မြန်မာ့အလင်းအယ်ဒီတာ့အာဘော် နိုင်ငံတော်၏လုံခြုံရေး တပ်စခန်းတို့အား ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့မှု အပေါ် အကြောင်းပြု၍ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူတို့ကို ပြန်လည် လက်ခံရန် မြန်မာနိုင်ငံသည် ကနဦးအစကတည်းက သဘောတူလက်ခံပြီး ဖြစ်ပါသည်။ ထိုကဲ့သို့ ပြန်လည်လက်ခံရန် မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်း၍ နှစ်နိုင်ငံအကြား သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးအတည်ပြုပြီး ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိ၍သာ နေရပ် စွန့်ခွာသူများကို ပြန်လည် လက်ခံရန် နှောင့်နှေးကြန့်ကြာနေခြင်း ဖြစ်ပါသည်။ သို့သော် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတချို့က ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာမည့် သူတို့၏ လုံခြုံရေးအပါအဝင် ရေရှည် တည်ငြိမ်အေးချမ်းမှုအတွက် စိုးရိမ်သည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပါသည်။ ဤပြစ်တင်ဝေဖန်မှုတို့ ရပ်တန့်ရန် အချိန်တန်နေပြီဖြစ်ကြောင်း ယခုအခါ […]

Myanmar NEWS

ပညာတတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ကြောင်း ရိုဟင်ဂျာတွေ ပြောကြား

၂ဝ၁၆ သြဂုတ်လက ARSA အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ မြန်မာလုံခြုံရေး တပ်တွေအနေနဲ့ ပညာတတ် ရိုဟင်ဂျာတွေကို ပစ်မှတ်ထား ချေမှုန်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး AP သတင်းဌာနက ဒီနေ့ ရေးသားလိုက်ပါတယ်။ ဒီလိုပညာတတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကို လူ ၁၂ ဦးကျော်က AP ကို ပြောပြခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ကျေးရွာတစ်ရွာဝင်ရင် မြန်မာ လုံခြုံရေး တပ်သားတွေအနေနဲ့ ကျောင်းဆရာတွေကို ပထမဆုံးခေါ်ယူကြောင်းလည်း ဒုက္ခသည်တွေရဲ့ ပြောကြားချက်တွေနဲ့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်တဲ့ […]

Myanmar NEWS

ပြင်သစ်- ဘင်္ဂလားဒေ့ရှ် မိတ်ဆွေများအဖွဲ့ ရိုဟင်ဂျာအရေး ဆွေးနွေး

ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျယ်ပြန့်ပြီး ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေအတွက် သက်သေအထောက်အထားတွေ အရ နိုင်ငံတကာရာဇ၀တ်ခုံရုံးအထိသွားရမယ်ဆိုရင် သွားဖို့ လိုအပ်ကြောင်း ကနေဒါဝန်ကြီးချုပ် Trudeau ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလည် Bob Rae က ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်လွှတ်တော် ဥက္ကဌ Dr. Shirin Sharmin Chaudhury အပါအ၀င် ပြစ်သစ် လွှတ်တော်အမတ်တွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး ရှေ့နေတွေ တက်ရောက်ခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ပြင်သစ်လွှတ်တော်မှာ ကျင်းပတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာဆွေးနွေးပွဲမှာ Bob Rae က အဲဒီလို ပြောဆိုလိုက်တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ဆက်မှာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနဲ့ မြန်မာနိုင်ငံက ဖိနှိပ်ညှမ်းပန်းခံရတဲ့ ရိုဟင်ဂျာအသိုင်းအ၀ိုင်း အခြေအနေအပေါ် နိုင်ငံတကာ ဆွေးနွေးပွဲဆိုတဲ့ […]