Myanmar NEWS

လူမျိုးအမည် မပါဝင်လို့ မှတ်ပုံတင်ဖို့ ဒုက္ခသည်များ ငြင်းဆန်

ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် နေရပ်က စွန့်ခွာထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို ရောက်ရှိလာခဲ့ကြသူတွေကို တာဝန်ရှိသူတွေက မှတ်ပုံတင်စာရင်းသွင်းရေးလုပ်ငန်း ဆောင်ရွက်တဲ့အခါ လူမျိုးအမည် မပါဝင်တာနဲ့ ပတ်သက်ပြီး ဒုက္ခသည်တချို့က မှတ်ပုံတင်ဖို့ လက်မခံ ငြင်းဆန်ခဲ့ကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ပေးတဲ့အခါ ကဒ်ပြားပေါ်က နိုင်ငံသားအဖြစ် ဖြည့်စွက်ရမည့်နေရာသာပါပြီး လူမျိုးအဖြစ် ဖြည့်စွက်ရမယ့်နေရာ မပါဝင်တဲ့အတွက် မှတ်ပုံတင်ဖို့ ငြင်းဆိုခဲ့ကြတာလို့ သိရပါတယ်။ အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၅ သိန်းနီးပါးကို မှတ်ပုံတင်ကိစ္စ ဆောင်ရွက်ပေးနေရာမှာ အခုထိ မှတ်ပုံတင်ပြီးသူ နှစ်သောင်းလေးထောင်လောက် ရှိတယ်လို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကဒ်ပြားရဲ့ လူမျိုးနေရာမှာ မြန်မာနိုင်ငံသားအဖြစ်ဖေါ်ပြဖို့ ဘင်္ဂလာေးဒ့ရှ် အစိုးရ က ဆုံးဖြတ်ထားပေမယ့် […]

Myanmar NEWS

ရိုဟင်ဂျာပဋိပက္ခ အမြန်အဖြေရှာရေး ကန်အောက်လွှတ်တော်ကော်မတီဆွေးနွေး

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကအခြေအနေတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာ ကြားနာပွဲတခုလုပ်ခဲ့ပါတယ်။ လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး ကော်မတီဝင် လွှတ်တော်အမတ်တွေက သုံးသပ်ပြောဆိုကြသလို ကြားနာပွဲမှာ တက်ရောက် တင်ပြသူတွေကလဲ သူတို့သိရှိထားတာတွေကို အစီရင်ခံ တင်ပြကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ၂ နာရီနီးပါးကြာ ကြားနာပွဲတခုလုပ်ခဲ့တာ ဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ဖြစ်ရပ်တွေကို လွှတ်တော်အမတ်တွေနဲ့ တက်ရောက်အစီရင်ခံသူတွေက အကျယ်တ၀ံ့ ပြောဆို မေးမြန်း တင်ပြခဲ့ကြတာပါ။ ကော်မတီဥက္ကဌ အောက်လွှတ်တော်အမတ် Ed Royce က ပြောသွားတာမှာ – “ရိုဟင်ဂျာမူစလင်တွေနဲ့ တခြား လူနည်းစုတွေကို မြန်မာအစိုးရက အပြင်းအထန် ရက်ရက် စက်စက် ပြုမူနေတာ […]

Myanmar NEWS

မောင်တောဒေသ ရှာတွေ့ ဟိန္ဒူအလောင်းများကို ယနေ့ သင်္ဂြီုဟ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှ ပျောက်ဆုံးသွားသော ဟိန္ဒူဘာသာဝင် ၁၀၀ ကျော်အနက် အလောင်း ၄၅ လောင်းကို ရှာဖွေတူးဖော် တွေ့ရှိခဲ့ရာ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနှစ် အချိန်က ဟိန္ဒူဘာသာဝင်များ၏ ဓလေ့ထုံးတမ်းအရ သင်္ဂြီုဟ် လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ အဆိုပါ အလောင်းများကို သင်္ဂြီုဟ်သည့်နေရာသို့ ဟိန္ဒူဘာသာရေးခေါင်းဆောင်များနှင့် သေဆုံးသွားသည့် မိသာစုဝင်များ အပါအဝင် လူပေါင်း ၇၀ ကျော်တက်ရောက်ပြီး ယင်းတို့၏ ဓလေ့ထုံးတမ်းအရ ဆောင်ရွက် လုပ်ကိုင်ကာ သဂြိုလ်ပေးလိုက်ပြီ ဖြစ်ကြောင်း ၎င်းနယ်မြေတွင် တာဝန်ကျနေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဥက္ကာကို က ဧရာဝတီသို့ ပြောသည်။ ရဲမှူးကြီး ဥက္ကာကို […]

English NEWS

U.S. envoy to U.N. demands Myanmar prosecutions, weapons curbs, over Rohingya

UNITED NATIONS/YANGON (Reuters) – U.S. Ambassador to the United Nations Nikki Haley on Thursday called on countries to suspend providing weapons to Myanmar over violence against Rohingya Muslims until the military puts sufficient accountability measures in place. It was the first time the United States called for punishment of military leaders behind the repression, but […]