Myanmar NEWS

အင်ဒိုနီးရှား ထောက်ပံ့ပစ္စည်းပို့မှု မြန်မာ အသိအမှတ်ပြု

အင်ဒိုနီးရှား အစိုးရက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်တွေ အတွက် ထောက်ပံရေး ပစ္စည်းကုန်သတ္ထာ ၁ဝ လုံး ပေးပို့လိုက်တာကို ကျေးဇူးတင်ရှိပါကြောင်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ထွန်းက ဂျာကာတာမြို့မှာ မနေ့က ထုတ်ဖေါ်ပြောကြားပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ရခိုင်ပြည်နယ်က ပြဿနာကို ကူညီဖြေရှင်းပေးမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း အခုလိုပစ္စည်းတွေ ပေးပို့တာကို အသိအမှတ်ပြုပါကြောင်း၊ ပို့လိုက်တဲ့ အစားအစာ၊ အဝတ်အထည် ကုန်ပစ္စည်းတွေနဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကိုအနည်းဆုံး တလခန့် ထောက်ပံ့နိုင်မှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး ကောလဟလ သတင်းတွေ ထွက်ပေါ်နေတာကို အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် အဲဒီဒေသကို သွားရောက်ကြည့်ရှုခဲ့ပြီး ဖြစ်တဲ့အတွက် ပကတိအခြေအနေမှန်တွေကို သိရှိခဲ့ပြီးဖြစ်ပါကြောင်း စသဖြင့် မြန်မာသံအမတ်ကြီး က ပြောဆိုခဲ့ပါတယ်။ မောင်တောဒေသကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Retno Mausudi […]

Myanmar NEWS

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသား ရိုဟင်ဂျာ ၂၄၁၅ ယောက်ကို မြန်မာပြန်လည်ခေါ်ယူမည်

မြန်မာနိုင်ငံသားတွေလို့ဘင်္ဂလားဒေ့ရှ်ကသတ်မှတ်ထားတဲ့လူပေါင်းသုံးသိန်းကနေ ၂၄၁၅ယောက်ကိုပြန်လည်ခေါ်ယူမယ်လို့ မြန်မာအစိုးရကသောကြာနေ့က ပြောကြားခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့လူနည်းစုရိုဟင်ဂျာမွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း၅သောင်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးလာခဲ့ပြီး နှစ်နိုင်ငံကြားအခြေအနေတင်းမာမှုမြင့်တက်လာခဲ့ပါတယ်။ ရိုဟင်ဂျာတွေဟာဘင်္ဂလားဒေ့ရှ်ကနေတရားမ၀င်ဝင်ရောက်လာသူတွေလို့ မြန်မာအစိုးရကဆယ်စုနှစ်ချီပြောကြားခဲ့ပြီး နိုင်ငံသားအဖြစ်ငြင်းပယ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း ရိုဟင်ဂျာတွေကိုမြန်မာနိုင်ငံသားတွေလို့ပြောကြားခဲ့ပြီး နိုင်ငံထဲထွက်ပြေးဝင်ရောက်လာသူတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့ခြင်းမရှိပါဘူး။ “ကျွန်တော်တို့ရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံသား ၂၄၁၅ယောက်ပဲရှိတယ်” မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက အထွေထွေဒါရိုက်တာ ကျော်ဇေယျက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့နိုင်ငံသားအရေအတွက်ပေါ်မှာ အမြဲတမ်းရပ်တည်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အယောက်၃သိန်းလို့သတ်မှတ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်မစဉ်းစားတတ်ဘူး”လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ “၂၀၁၇ခုနှစ်မှာ မြန်မာအစိုးရက ၂၄၁၅ယောက်ကိုပြန်လည်ခေါ်ယူဖို့စီစဉ်ထားတယ်”လို့ သူကဆိုပါတယ်။ အစောပိုင်းတုန်းကလည်း ဒါးကမြို့က မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရကဆင့်ခေါ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကမြန်မာနိုင်ငံသားတွေရဲ့ အခြေအနေတွေကိုအသိပေးပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့စစ်ဆင်ရေးအတွင်း ဒေသခံတွေကိုစော်ကားဖိနှိပ်မှုတွေပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ပြောဆိုချက်တွေကို မြန်မာအစိုးရကငြင်းဆန်ထားပြီး သတင်းတွေဟာလုပ်ကြံဖန်တီးထားတယ်လို့ပယ်ချပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကအကြမ်းဖက်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေပြီး နိုင်ငံတကာကဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရကို ပြသနာရဲ့အခြေခံအကြောင်းရင်းကို အမြန်ဆုံးရှာဖွေဖို့ […]

Myanmar NEWS

သဘောင်္ာအုပ်စု ဝင်ခွင့်တောင်းထားဟု မလေးရှား အဖွဲ့ ပြောကြား

မလေးရှားနိုင်ငံ အစ္စလ မ်ဘာသာဝင် အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီ- Malaysian Consultative Council of Islamic Organizations (MCCIO) အတွင်းရေးမှူးချုပ် Zainol ဇေနိုလ် က ရခိုင်ပြည်နယ်ကို စေလွတ်မယ့် အရေးပေါ်ထောက်ပံ့ရေးသင်္ဘောအုပ်စုကို မြန်မာပြည်ဝင်ခွင့်ပြုဖို့အတွက် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမယ့် သံရုံးက အခုအချိန်ထိ ပြန်ကြားခြင်း မရှိကြောင်း မနေ့က ပြောပါတယ်။ အဲဒီထောက်ပံ့ရေး သင်္ဘောတွေပေါ်မှာ မွတ်စလင်တွေအတွက် ဆန်တန်ချိန် တထောင်ခန့် အပြင်ဆေးဝါးနဲ့ တခြား လူသုံးကုန်ပစ္စည်းတွေ တင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ သင်္ဘောတွေနဲ့အတူ မလေးရှားဝန်ကြီးဟောင်းတွေ၊ ဆေးဝန်ထမ်းတွေ၊ လေ့လာသူတွေနဲ့မီဒီယာအဖွဲ့တွေ လိုက်ပါလာမယ်လို့လည်း ပြောပါတယ်။ မြန်မာအစိုးရကတော့ အခုလိုထောက်ပံ့ရေးသင်္ဘောတွေ ဝင်ခွင့်ပြုဖို့ မလေးရှားတွေက တစုံတရာ တောင်းခံထားခြင်းမရှိဖူးလို့ ငြင်းဆိုထားပါတယ်။ Source – […]

Myanmar NEWS

မြန်မာကို ပိုပြီးဖိအားပေးဖို့ မလေးရှား အတိုက်အခံ ပြောကြား

မလေးရှား အစိုးရအတိုက်အခံ ခေါင်းဆောင် ဒေါက်တာဝမ်အဇီဇာ က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာကို ပိုမိုအာရုံ စိုက်ဖြေရှင်းကြဖို့ မနေ့က ထပ်မံ ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရနဲ့ အာဆီယံအဖွဲ့က အခုလုပ်ဆောင်နေတာတွေကို မိမိ ထောက်ခံပါတယ်။ ဒါပေမယ့် မလေးရှားအစိုးရ အနေနဲ့ မြန်မာအစိုးရကို ပိုပြီးဖိအားပေးဖို့နဲ့ လူသားချင်းစာနာမှုစာနာမှုအကူညီတွေ ပိုမိုထောက်ပံ့ဖို့ လိုတယ်လို့ မလေးရှားအစိုးရအတိုက်အခံ ခေါင်းဆောင် ဝမ်အဇီဇာ ကပြောပါတယ်။ ဒီအတောအတွင်း မောင်တောမြို့နယ် ၀က်ကျိန်းကျေးရွာနှင့် ဘဒကားကျေးရွာကြားရှိ ပြူးမချောင်း ဘေး မြေနုကျွန်း၌ ရွှံ့များပေကျံနေသော အလောင်းတစ်လောင်း ကို ဒီဇင်ဘာ ၂၆ ရက် ညနေက တွေ့ရှိကြောင်း မြန်မာအစိုးရပြန်ကြားရေးဌာနက ကြေညာခဲ့ပါတယ်။ သေဆုံးသူမှာ ဒီဇင်ဘာ ၁၆ ရက်နေ့ကစတင် […]

Myanmar NEWS

မောင်တော ဖြစ်ရပ်တွေကို အတည်ပြုဖို့ ငြင်းဆန်ဖို့ အထောက်အထားတွေ မရှိ

ရခိုင်ပြည်နယ် မောင်တော ဒေသမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်တုန်း ရိုဟင်ဂျာ အမျိုးသမီးတွေ အဓမ္မ ပြုကျင့် ခံရတာမျိုး၊ ကျေးရွာ တွေ မီးရှို့ ဖျက်စီး ခံရတာမျိုး တွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆို ချက် တွေ အပေါ် လုံးဝ ချေဖျက် နိုင်လောက်အောင် ဖြစ်စေ၊ အတည်ပြု လောက်အောင် ဖြစ်စေ ခိုင်ခိုင်လုံလုံ အထောက်အထားတွေ မတွေ့ရ သေးဘူး လို့ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ဦးအောင်ကြည်က ပြောပါတယ်။ ဒါပေမယ့်၊ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ မောင်တောဒေသမှာ ကွင်းဆင်း […]

CRIMES Myanmar NEWS

မွတ်စလင်နဲ့ ခရစ်ယာန်တွေဟာ ခွေးတွေ ကျူးကျော်သူတွေလို့ ဗုဒ္ဓဘာသာ ဘုန်းကြီး မိန့်ကြား

ဒီလ အစောပိုင်းက ဟောကြောခဲ့တဲ့ တရားတစ်ပုဒ်ကို You Tube မှာ တင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီး ကကြားနာသူ ပရိသတ်ကို မြန်မာနိုင်ငံက မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေနဲ့ ပတ်သက်ပြီး “သူတို့ကို အထင်မသေးနဲ့”လို့ သတိပေး စကားပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ ရည်ညွှန်းပြီး နိုင်ငံက တစ်ခြား ဘာသာရေးနှစ်ခု ကိုကြောက်ရွံနေမှုကို ရှင်းပြခဲ့ပါတယ်။ “သူတို့ အဖွဲ့တွေ အင်အားကောင်းလာရင် သူတို့ ငါတို့ကို ဘာလုပ်မလဲ သူတို့ပြ န်တိုက်ခိုက်လိမ့်မယ်” ဘုန်းကြီးက မိန့်ပါတယ်။ “မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေ တိုးပွားလာတာနဲ့ ပတ်သက်ပြီး တစ်ချို့ ဗုဒ္ဓဘာသာဝင်တစ်ချို့ရဲ့ယူဆချက်တွေဟာ အကျိုးအကြောင်း ဆီလျော်မှုမရှိပါဘူး အဲဒါကို ဘုန်းကြီးက ဗီဒီယိုထဲမှာပြောဆိုထားပြီး ယုတ္တိ မရှိတဲ့သူ့ရဲ့ကြောက်ရွံမှုကို ပြသခဲ့တယ်”လို့ တရားတော်ကို အင်္ဂလိပ်လို ဘာသာပြန်ဆိုခဲ့တဲ့ […]

English NEWS

Malaysian envoy reveals inside story on UN vote on Israel

NEW YORK: Malaysian Permanent Representative to the United Nations Ramlan Ibrahim, who returns home tomorrow after a two-year stint in New York, has described Friday’s Security Council’s vote calling on Israel to stop the illegal building of settlements as his “crowning experience”. Ramlan, whose tenure here coincides with Malaysia’s two-year non-permanent membership of the United […]