Myanmar NEWS

ကုလလူ့အခွင့်အရေးမဟာမင်းကြီး လိုရာဆွဲချဲ့ကားပြောသည်ဟု မြန်မာတုံ့ပြန်

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ရခိုင်ပြည်နယ်အရေးပြောဆိုချက်များမှာ လိုရာဆွဲချဲ့ကားပြောဆိုမှုများ ပါဝင်နေသည်ဟု မြန်မာကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တုံ့ပြန်ပြောဆိုလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ပုံမှန်အစည်းအဝေး၌ ဇူလိုင်လ ၄ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်သူ ဦးကျော်မိုးထွန်းက ယင်းသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Zeid Ra’ad al-Hussein ၏ Conference Room Paper တွင် ပါဝင်သော အချက်အလက်အများအပြားမှာ မှန်ကန်မှုမရှိဘဲ လိုရာဆွဲဖော်ပြခြင်း သို့မဟုတ် ချဲ့ကားဖော်ပြမှုများ ပါဝင်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောဆိုသည်။
မှားယွင်းသည့် အချက်အလက်များသည် ဖတ်ရှုသူများ၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများ ဆုံးဖြတ်ချက်အမှား ချမှတ်စေနိုင်ကြောင်း၊ ရခိုင်ဒေသအတွက် ရေရှည်တည် တံ့မည့်အဖြေကို ရှာဖွေရန် မြန်မာအစိုးရကြိုးစားအားထုတ်မှုများအပေါ် ဆိုးရွားစွာ သက်ရောက်စေကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။
မဟာမင်းကြီး၏စာတမ်းတွင် ဟိန္ဒူ ဘာသာဝင် ၉၉ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို ထည့်သွင်းထားခြင်းမရှိကြောင်းလည်း ထောက်ပြခဲ့သည်။
ဘင်္ဂါလီများ ရခိုင်ပြည်နယ်မှ ထွက်ပြေးနေရဆဲဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဝင်များက အကြမ်း ဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ သတ်ဖြတ်မှုနှင့် နေအိမ်များကို မီးရှို့သည့် သက်သေအထောက်အထားများစွာရှိနေကြောင်း Zeid Ra’ad al-Hussein က ပြောဆိုခဲ့သည်။ ၎င်းကမူ ရိုဟင်ဂျာမွတ်ဆလင်ဟု သုံးနှုန်းခေါ်ဝေါ်သည်။
မြန်မာအစိုးရအပေါ် တစ်ဖက်သတ်စွပ်စွဲပြောဆိုနေသည့် ကုလသမဂ္ဂ၏မြန်မာ နိုင်ငံလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီလီကို ဖယ်ရှားကာ ကိုယ်စားလှယ်အသစ်ဖြင့်အစားထိုးပေးရန်လည်း မြန်မာဘက်က တောင်းဆိုထားသည်။
Zeid Ra’ad al-Hussein သည် လာမည့် ဩဂုတ်လ ၃၁ ရက်နေ့တွင် လူ့အခွင့်အရေးမဟာမင်းကြီး သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

Source by : https://www.facebook.com/LivingColorMediaCoLtd/?hc_ref=ARS_ql-xA0SLzKkINoOii2J1yNFAo7KYJKn3vA6sUDBJJ80NehHl3WWTSM2USalmeL0&fref=nf

Leave a Reply

Your email address will not be published. Required fields are marked *